Part...44

2.1K 164 9
                                    

တည်ငြိမ်စပြုလာတဲ့ စိတ်အခြေနေကြောင့် သူ့ကို တင်းကြပ်နေအောင်
ဖက်ထားတဲ့ ကောင်လေးရဲ့ ရင်ခွင်ထဲမှ မော့ကြည့်လိုက်တော့ သူ့အားပြန်ပြုံး
နေတဲ့ကောင်လေးမှာ.သူ့နည်းတူ မျက်တောင်တွေစိုကာငိုနေသည်တဲ့...။
ရှောင်းကျန့် ပြာယာခတ်စွာ ရင်ခွင်ထဲမှ
ရုန်းလိုက်ပြီး သူ့ babyလေးရဲ့ မျက်
ရည်စတို့ကို လက်မလေးဖြင့် တို့ထိ
ကာ ဖယ်ရှားပေးလိုက်တယ်။
တောင်းပန်ကြောင်း တဖွဖွပြောဖို့လည်း
မမေ့ပါ ။ စိတ်အလိုလိုက်မိတဲ့ သူ့
ကြောင့် ဒီကလေး ခံစားနေရတာ
မဟုတ်လား ။ သေချတာကတော့
ဒီနေရာမှာ ယွဲ့ရင်သေ သွားခဲ့ရင်တောင်
ဒီကလေးကို ထိုမျှလောက် ချစ်ခဲ့သည့်
သူ့ကိုယ်သူ နောင်တ ရမည်မဟုတ်။
ဒီအကြောင်းကိုတော့ သူ့ရှေ့ကကောင်လေးသိအောင် ဒီတစ်သက် ပြောပြ
ဖြစ်မယ်မထင်။

သူမပြောပြလည်းပဲ နောင်တကင်းမဲ့
လွန်းသော မျက်ဝန်းတို့ကို မြင်တွေ့
နေရသည့် ရိပေါ်မှာတော့ သက်ပြင်းချ
ရင်းသာ သူ့ကျန့်အပေါ် စိုးရိမ်သည့်
စိတ်တို့ကသာ ကြီးစိုးနေတော့သည်။

"ယွဲ့ရင် "

ကားအပြင်ဘက်ကိုလက်ညိုးထိုးကာ
ပြောလာသည့် ရှောင်းကျန့် ကြောင့်
ရိပေါ် ယွဲ့ရင်အားသတိရသွားသည်။
တစ်ယောက်ယောက်များ အခုချိန်
ဖြတ်သွားရင် ပြသနာဖြစ်နိုင်သဖြင့်
လျှင်မြန်စွာကားပေါ်မှ ဆင်းလိုက်ပြီး
အပြေးသွားကာ ကြည့်လိုက်သော်လည်း
သူ့ဆိုင်ကယ်ဟာ လမ်းဘေးကပ်ရပ်ပြီးသားဖြစ်နေပြီး ယွဲ့ရင် ကိုလည်းမတွေ့
ရတော့ပေ။

သူ့အနောက်မှ နဖူးကချွေးစတို့ကို
လက်ကိုင်ပုဝါဖြင့်သုတ်နေတဲ့ ကျန့်ကိုလှည့်ကြည့်လိုက်တော့ သူ့လို အံသြ
မနေဘဲအေးဆေးစွာပင်။
သူကသာ ခြေမကိုင်မိလက်မကိုက်မိ
ဖြစ်နေတာ။
ဟုတ်တယ်လေ။ယွဲ့ရင်ကကြောက်ပြီး
ထပြေးတယ်ပဲ ထားပါအုံး သေခါနီး
ဖြစ်သွားတာတောင် အင်မတန်သဘောကာင်းပြီး ဆိုင်ကယ်ကို ​ဘေးကပ်ပေး
သွားအုံးမည်တဲ့လား။
ဘယ်လိုမဖြစ်နိုင်တဲ့ ကိစ္စကြီးကိုး။

အဖြေကို ကြိုးစားပန်းစားထုတ်နေ
သည့် ရိပေါ်ကြောင့် သူ့တို့အရှေ့မလှမ်းမကမ်းမှာ ရပ်ထားသည့် ကား
အမဲကို ရှောင်းကျန့်လှမ်းကာ အချက်
ပြလိုက်တော့ လူနှစ်ယောက်ဆင်းလာ
ပြီး သူတို့ ​အနားသို့ပြေးလာသည်။
ပြီးနောက် ဆိုင်ကယ် သော့ကို ရှောင်း
ကျန့်လက်ထဲ ထည့်ပေးလေသည်။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now