အပိုင်း၂၉ END

2K 94 15
                                    

ကျွန်တော်တို့အားလုံးက တစ်စုံတစ်ယောက်ရှိက နွေးထွေးတဲ့ ကြင်နာမှုမျိုးကိုလိုချင်ရတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ပေးချင်ကြတယ် အဲ့နွေးထွေးတဲ့ ကြင်နာမှုကိုပေါ့
ပေးဆပ်ချင်တဲ့သူရယ် ရယူချင်တဲ့သူရယ်ပဲ ပေါင်းလို့ရတယ် ဥပမာ ဒီဘောပင်က ဒီအဖုံးနဲ့ပဲရမယ်ဆိုတာမျိုးပေါ့ ကျွန်တော်တို့အနေနဲ့ အခြားအဖုံးကိုတပ်ကြည့်လို့မှင်မယိုလာပေမဲ့ အချိန်အကြာကြီး ဒီအဖုံးက ဒီဘောပင်နဲ့ အတူရှိနေဖို့မဖြစ်နိုင်ပါဘူး။
ပေးဆပ်တဲ့သူခြင်းခြင်းချစ်နေတော့ရော တစ်စုံတစ်ယောက်က ဘဝထဲဝင်လာရင် သူကလည်းပေးဆပ် ကိုယ်ကလည်းပေးဆပ်နဲ့ ဒီအချစ်က ရေရှည်တည်မြဲမှာတဲ့လား

ကျွန်တော်ခလေးမလိုချင်ဘူး ဘာလို့လဲဆိုတော့ Winအတွက် ဝန်ထုတ်ဖြစ်လာတော့မယ် ဒါကိုသူမသိဘူး ကျွန်တော် အမြဲတမ်းသူ့အတွက်ပဲတွေးခဲ့တာ ကျွန်တော်တို့ နောင်ရေးကိုမတွေးဘဲ ချစ်တဲ့စိတ်နဲ့ လက်ထပ်ခဲ့တယ်။ သိတဲ့အတိုင်း ကျွန်တော်လည်း ရုန်းကန်ခဲ့ရတာ ၂နှစ်တောင် ကြာသွားပေမဲ့ သူ့ကျောင်းစရိတ် အိမ်စရိတ်နဲ့ အခြားလိုအပ်တာတွေ ကျွန်တော်တစ်ယောက်ထဲ ရုန်းကန်နေရတာ ပင်ပန်းတယ်လို့ မတွေးပါဘူး ဒါပေမဲ့ တကယ်လဲပင်ပန်းတာပဲ။

"ခလေးမွေးစားဖို့ ကိစ္စပြောတိုင်း ငါ့တို့ရန်ဖြစ်ရတာ ပင်ပန်းနေပြီ Win"
"ဒါပေမဲ့ ကျွန်တော်လိုချင်တယ်လေ"
"အခု မင်းကျောင်းတက်နေတာ ၂နှစ်ရှိပြီ ဒီလထဲစာမေးပွဲဖြေရတော့မယ် ငါမင်းနဲ့ပတ်သက်ပြီး ပြည့်စုံအောင် ငါလုပ်ပေးနေရတယ်"
"ဘာလဲပင်ပန်းလို့လား"
"အေး ပင်ပန်းတယ် ငါ" စိတ်ထဲကာ မပါပေမဲ့ ပြောမိသွားပြီ
အခန်းငယ်လေးထဲမှာ တိတ်ဆိတ်သွားသည် ပါးစပ်ကမပြောဘဲနဲ့ တောင် မင်းစိတ်မကောင်း ဖြစ်သွားမယ်ဆိုတာသိပါတယ်။

"Win ကိုယ်တောင်းပန်ပါတယ် "
လှည့်မကြည့်ဘဲ ထွက်သွားတဲ့ ကျွန်တော့် မိန်းမကို မတားနိုင်ခဲ့ပါ။
-------------------
"ဘာဖြစ်ပြန်တာလဲ မင်းစာမေးပွဲရှိတာကို စာမလုပ်ဘဲ အရက်လာသောက်နေတာပဲ"
"ဟင် ငါက မကောင်းတဲ့ကောင်ဖြစ်နေတာလား pong"
"ဘာကိုလဲ မင်း p'bright နဲ့ရန်ဖြစ်ပြန်ပြီလား"
"ငါ့ကို သူက ပြောတယ် သူ့အတွက် ငါက ဝန်ထုတ်တစ်ခုပဲတဲ့ သူအရမ်းပင်ပန်းနေပြီတဲ့"
"Win သူ့ကိုနားလည်ပေးဖို့ ငါမပြောပါဘူး ဒါပေမဲ့ သူ့အတွက် မင်းတွေးသင့်တယ် မင်းမေ့နေတဲ့နှစ်တွေမှာလည်း မင်းအတွက် သူပင်ပင်ပန်းပန်း အလုပ်လုပ်ပြီ မင်းကိုစောင့်ရှောက်ခဲ့တာ အခုမင်း ဘွဲ့ထပ်ယူမယ်ဆိုတော့ သူတစ်ယောက်ထဲ ရုန်းကန်ပြီး မင်းကိုကျောင်းထားပေးနေတာ"
"ငါသိပါတယ်"

That Person Must Be YouWhere stories live. Discover now