အပိုင်း ၂၀

948 83 14
                                    

အချစ်ဆိုတာ တစ်ယောက်ထဲကပဲချစ်နေရုံနဲ့မှမပြီးတာမှမဟုတ်တာ အချစ်တစ်ခုထဲနဲ့လည်း ဘာမှဖြစ်မလာဘူး ဟုတ်ပါတယ်လေ အခုငါ့မှာ win ကိုပေးနိုင်တာ အချစ်အပြင်ဘာမှ ရှိမနေတော့ဘူး သူငါ့ကိုမေ့နေတာပဲ သူ့အတွက်ကောင်းပါတယ် အချိန်တစ်ခုတော့ဘေးမှာနေပေးပြီးထွက်သွားလိုက်တာ ကောင်းပါတယ်။

သတိရပြီးနောက်ပိုင်းတော့ သူ့အိမ်နဲ့ pong ကမကြာမကြာလာကြည့်ပေးပြီး ကျွန်တော်ကိုတော့သူကဂရုတောင်မစိုက်ပါဘူး။ဝမ်းနည်းဖို့ကောင်းပေမဲ့ ပြောမထွက်ပါဘူး ချစ်တဲ့စိတ်သာမှန်ကန်ရင် နောင်ဘဝတော့ပေါင်းရမှာပါ။
"ကိုယ်နောက်အပတ်ထဲ ချင်းမိုင်ပြန်တော့မယ်win"
"အော် ဟုတ် ကျွန်တော့်ကိုဒီရက်ပိုင်းတွေစောင့်ရှောက်ပေးတာကျေးဇူးပါ"
"မလိုပါဘူး ရပါတယ်"

ဒီရက်ပိုင်းလေးတော့ မင်းဘေးမှာ ကပ်တွယ်နေပါအုံးမယ် ကောင်လေးရယ်။
ညရောက်တော့ ထုံးစံအတိုင်း အချိန်ပိုင်းအလုပ်သွားတယ် မိုးမလင်းခင် ဆေးရုံကိုပြန်လာခဲ့တယ် ဆေးရုံရောက်တော့ Win ကအိပ်နေတုန်း
ဒီကောင်လေးက အိပ်နေတာတောင် ချစ်ဖို့ကောင်းနေတုန်း နှာဖူးလေးကို ဖွဖွလေးနမ်းလိုက်ပြီး လက်ကိုကိုင်ရင်း ဘေးနားမှာ ခဏမှေးနေလိုက်တယ်

ဟမ် ဘယ်ချိန်တောင်ရှိနေပြီလဲ အော်တော်ပါသေးတယ် win မနှိုးသေးလို့ မဟုတ်ရင် သူ့လက်ကိုကိုင်အိပ်တာ သိရင်သက်သက်စိတ်ဆိုးနေအုံးမယ်။မနက်စာထပြင်ပေးရင်း လိုအပ်တာတွေ သွားဝယ်လိုက်တယ် ။
ပြန်လာတော့ Win ကနှိုးနေပြီ
"ကိုယ် မနက်စာဝယ်လာတယ်"

"ကျွန်တော့်ကို ဂရုစိုက်ပေးစရာမလိုတော့ဘူး"

"ဘယ်လိုပြောလိုက်တာလဲ ငါမှဂရုမစိုက်ရင် မင်းကိုဘယ်သူဂရုစိုက်မှာလဲ"

"မလိုပါဘူး ကျွန်တော်ကခဗျားကိုလည်းမသိဘူး ခဗျားနဲ့ပတ်သက်ပြီး ဘာမှလည်းမသိချင်ဘူး"

"ကောင်းပြီလေ အဲ့တာဆိုလည်း မင်းနေခဲ့တော့ မင်းငါ့ကိုအဲ့လောက်မုန်းနေတာ ငါလည်းမခံစားနိုင်ဘူး"

"မခံစားနိုင်ရင်ထွက်သွား"

"အင်း မင်းက ငါ့အချစ်နဲ့မတန်ဘူး" တောင်းပန်ပါတယ် အစထဲက ငါတို့က မတွေ့ခဲ့သင့်တာ မင်းကိုနာကျင်အောင်ပြောတဲ့ ငါ့ကိုမုန်းလိုက်ပါတော့။ မျက်ရည်တစ်စက်တောင် မကျစေအောင် ထိန်းပြီး အဝေးဆုံးကိုပြေးထွက်ခဲ့တယ်။
"ကောင်းကောင်းနေခဲ့ပါ Win"
———————————-
ကျွန်တော် အစ်ကို့ကိုအရမ်းချစ်တယ် ချစ်လွန်းလို့ မုန်းနေခဲ့တာ သူကျွန်တော့်ကိုပြောသင့်တယ် သူ့အချစ်တွေကိုပြသင့်တယ် ကျွန်တော်တကယ်ပဲ မကောင်းတဲ့သူဖြစ်နေပြီလား
"Win မင်းဘာလို့ မသိချင်ယောင်ဆောင်နေတာလဲ"
"ဘာကိုလဲ"
"မင်း p'bright ကို သတိမရဘူးဆိုတာ ငါသိတယ် မင်းလိမ်နေတာကို "
"ငါမလိမ်ဘူး"
"မင်းကိုမင်းညာမနေနဲ့ မင်းကmickမဟုတ်ပေမဲ့ မင်းကို winအနေနဲ့ တော့ငါကောင်းကောင်းသိခဲ့တယ် မင်းသိလားမင်းမေ့နေတာ တစ်လနှစ်လမဟုတ်ဘူး နှစ်နဲ့ချီမေ့နေခဲ့တာ မင်းရဲ့ဆေးဖိုး ဝေရာဝစ္စ မင်းနဲ့ပတ်သက်တဲ့အားလုံး ကိုသူတစ်ယောက်ထဲ တာဝန်ယူခဲ့တာ ငါကူပေးမယ်ပြောတာတောင်မရခဲ့ဘူး သူအလုပ်ထွက်ပြီး မင်းဘေးမှာနေပေးခဲ့တာ ဒါကိုမင်းကဘာလို့"
"ငါမသိဘူး ငါ့ကိုငါလဲ ငါ့ကိုငါပဲစိတ်ကုန်လာပြီ"

အဲ့နေ့က သူညဘက်တွေထွက်တာ သတိထားခဲ့တယ် တစ်ညလုံးပြန်မလာဘူး မိုးလင်ခံနီးမှပြန်လာတယ် ကျွန်တော်လဲ အိပ်ချင်ယောင်ဆောင်နေလိုက်တယ် သိပါတယ် သူကျွန်တော့်နှာဖူးကိုနမ်းတယ်ဆိုတာ
ခဏနေတော့ ဘေးမှာအိပ်ပျော်သွားတယ် ဘယ်တွေသွားနေတာလဲ ဘာတွေလုပ်နေတာလဲမပြောဘူး။ဘေးမှာအိပ်နေတဲ့ အစ်ကိုခေါင်းလေးကိုပုတ်ရင်းးး
ဘယ်တွေသွားနေတာလည်း အစ်ကိုရယ်
"ကျွန်တော်တောင်းပန်ပါတယ်" မိုးလင်းတဲ့ထိ မအိပ်ပဲတွေးနေမိတယ် သူတကယ်ပဲ ချင်းမိုင်ပြန်တော့မှာလား ဘာလို့လဲ လွယ်လွယ်လေးလက်လျော့လိုက်တာလား
မိုးလင်းတဲ့ထိ အိပ်နေတဲ့ အစ်ကိုက နှိုးလာတော့ အပြေးအလွှား မနက်စာသွားဝယ်တယ် သူထွက်သွားမှ နှိုးချင်ယောင်ဆောင်ပီး ပြတင်းပေါက်ကိုငေးနေရင်း
*ဖုန်းဝင်သံ
"ဟယ်လို"
"bright လား" မိန်းမအသံပဲ
"အင်း" လိမ်မိသွားပီ မတက်နိုင်ဘူး သူဘယ်သူလဲဆိုတာ သိချင်တယ်
"နင် ငါ့ကို အဲ့လိုပစ်ထားမှာလား နင်ငါ့ကိုမချစ်ခဲ့ဘူးလား နင်နဲ့ပတ်သက်ပြီး နင်အဲ့လိုလုပ်တာတွေ ငါစိတ်ကုန်လာပြီ" ပြောချင်တာပြောပြီး ဖုန်းချသွားတယ် မေးခွန်းတွေက ခေါင်းထဲမှာအပြည့် စိတ်ပျက်တယ် ငါ့ကိုငါ ခွင့်မလွှတ်သင့်ဘူး အစ်ကိုက မကောင်းတဲ့သူပဲ။

"ကောင်းကောင်းနေခဲ့ပါ win"

အင်း နှုတ်ဆက်ပါတယ်အစ်ကို အစ်ကိုလည်း အစ်ကိူချစ်တဲ့ သူနဲ့ပျော်ရွှင်ပါစေ။
ထွက်သွားတဲ့လက်တွေကို မဆွဲထားခဲ့လို ကွဲသွားတဲ့ နှလုံးသားကိုလည်း ပြန်မဆက်နိုင်တော့ဘူး။
———————————————
I was change my phone,so i can't update zawgyi version. 😭So please wait to upload zawgyi version

That Person Must Be YouWhere stories live. Discover now