အပိုင်း ၂၂

1K 84 9
                                    

Zawgyi version can read on "gun-atthaphan"fb acc

တစ်ဖန်ပြန်ချစ်လာခြင်း❤️

"မင်းကိုပြောတာတွေ အခုထိမယုံသေးဘူးလား"
"ဒါဆို မနေ့ကဖုန်းဆက်တဲ့ ကိစ္စကရော အဲ့တာကရောဘယ်သူလဲ ဘာလို့အဲ့စကားတွေပြောတာလဲ"
"ဟူးးးး အဲ့တာက ကိုယ်ရှင်းပြရင် မင်းစိတ်ဆိုးမှာ ကိုယ်သိပါတယ် ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ မင်းငါ့ကိုထပ်ပြီး လိမ်ဖို့မစဉ်းစားနေတော့"
"စိတ်လျော့ပါ ကိုယ်ရှင်းပြပါမယ်"
-------
"မင်္ဂလာပါအစ်မ ကျွန်တော်အလုပ်လျောက်ချင်လိူ့ပါ"
"ညဘက်လုပ်နိုင်ရဲ့လား မင်းကြည့်ရတာ ကျောင်းသားအရွယ်လဲမဟုတ်ဘူးနော်"
"ဟုတ် ကျွန်တော်က ကျောင်းသားမဟုတ်ပါဘူး ဒီတိုင်း အလုပ်လိုနေလို့ပါ စိတ်ချပါအစ်မ ကျိုးကျိုးစားစားလုပ်ပါမယ် လက်ခံပေးပါ ဒီဆိုင်လေးကပဲ ဆေးရုံနဲ့နီးလို့ပါ"
"တစ်ယောက်ယောက်ကို စောင့်ရှောက်ပေးနေရလို့လား"
"ဟုတ်ကဲ့"
"အေးပါ ဆင်းချင်လည်းဆင်းပေါ့ ဘားဆိုတော့ အာရူံနောက်တယ် ကိုယ့်ဘာသာ ကြည့်ရှောင်ပေါ့ ဒါနဲ့ နာမည်က"
"Bright ပါ"
"အိုကေ bright အလုပ်စဆင်းလို့ရပါပီ"

အဲ့နေ့ကပဲ အနီးစပ်ဆုံးရှာထားတဲ့ ဘားမှာအလုပ်ဝင်လိုက်တယ် အိမ်ပြန်အမ်းတော့ ရတဲ့ငွေတွေကလည်း ဆေးဖိုးတွေနဲ့တင် ကုန်နေပြီ မနက်ပိုင်းအလူပ်ဆင်းဖိူ့ကလည်း winကိုတစ်ယောက်ထဲထားခဲ့ဖို့ အစဉ်မပြေ။ဒီနေရာက ပိုက်ဆံများများရပြီး ဆေးရုံနဲ့နီးတာနဲ့တင်အဆင်ပြေပါပီ။

"Brightမင်း လုပ်တာ ၆လတောင်ကြာနေပြီ ဒီမှာပဲ တစ်သက်လုံးတော့ လုပ်မှာမဟုတ်ဘူးနော်"
"မလုပ်ပါဘူး ငါ့ကောင်လေးဆေးရုံတက်နေတုန်းတော့ ရတဲ့အလုပ်ကတော့ မှေးလုပ်ရမှာပဲ"
"အခုထိ နှိုးမလာသေးဘူးလား မင်းလဲဒီတိုင်းအသက်ကြီးသွားမယ်ထင်တယ်"
"မင်းမသိလို့ ငါတို့၆နှစ်တောင်ခွဲခဲ့ရတာ အခုမှသူ့နားမှာ နေနေရတာ ဘာပဲဖြစ်ဖြစ် ငါပင်ပန်းတယ်မထင်ပါဘူး"
"မင်း ပင်ပင်ပန်းပန်းရှာစရာမလိုဘဲ လွယ်တဲ့နည်းပြောပြရမလား"
"ဘာလဲ"
"မင်းဆီကိုတမင်လာနေတဲ့ ဟိုဘောစိမတွေဆီက အကြံအဖန်လေးလုပ်လိုက်ပါလား"
"ဟာ မင်းဟာကလည်း မဖြစ်ပါဘူး winသာနှိုးလားရင် မတွေးရဲစရာပဲ ပြသာနာတွေဖြစ်မှာကွ"
"မင်း စာပို့လိုက် ဘားမှာ စားပွဲထိုးလုပ်နေလို့ မင်းကောင်လေးကို ဆေးဖိုးပေးဖို့လောက်လိူ့လားပြီးတော့ သူအခုနေနေတဲ့အခန်းက စျေးများတယ်မဟုတ်လား"
"အင်း"
"အေးလေ မင်းအရေးပေါ်ဖြစ်ရင် ငွေဘယ်ကရှာမလဲ ပြီးတော့ မင်းနေ့ရောညပါ နေ့တိုင်းမနားရင် ကြာရင် မင်းလဲကျသွားမှာ အဲ့ခါဘယ်လိုလုပ်မလဲ မင်းရဲ့ကောင်လေး"
"ငါစဉ်းစားပါအုံးမယ်"
"အေးပါ သေချာစဉ်းစားပေါ့"
------
"ဆရာ win ကျန်းမာရေးအခြေအနေကောင်းရဲ့လား"
"ကောင်းပါတယ် ခဗျား နေမကောင်းဘူးလား နှာခေါင်းမှာ"
"ဗျာ" နှာခေါင်းကိုကိုင်ကြည့်တော့ သွေးတွေကျနေပြီ တကယ်ပဲညမအိပ်တဲ့ ရက်တွေများသွားလို့ထင်ပါတယ်

"အဆင်ပြေရဲ့လားမင်းလဲကျသွားလို့မဖြစ်ဘူးနော်"
"ဟုတ် ဆရာသိပါတယ် ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး"
ဆရာ့ကိုနှုတ်ဆက်ပြီး အိမ်သာကိုပြေးတော့တယ် ကျနေတဲ့သွေးကိုသုတ်ပြီး တွေးမိတယ် တကယ်ပဲ ဟိုကောင်အကြံပေးတာကိုလုပ်လိုက်ရမလား ငါဘာလုပ်သင့်လဲ

အဲ့နေ့ကပဲတွေးမိတာကတော့ winအတွက်ပါပဲ ကျွန်တော်သာတစ်ခုခုဖြစ်သွားရင်မလွယ်ဘူး

"မင်းပြောတာငါစမ်းကြည့်မလို့ ငါ့ကိုကူညီပေးနိုင်မလား"
"ပေးမှာပေါ့ ညကြရင် joinပေးမယ်"
ကိူယ်လုပ်တဲ့အရာတွေအားလုံးကမင်းအတွက်ပါ ကိုယ့်ကိုနားလည်ပါ win...
"အမ သူကbright"
"အင်း"
"သူ့ကိုစောင့်ရှောက်ပေးပါအုံး" ကြည့်လိုက်တာနဲ့ မာနကြီးပြီး ဒေါသလွယ်တဲ့ပုံစံနဲ့မိန်းမတစ်ယောက်ပဲ ဟူး
အဲ့လိုနဲ့ ကျွန်တော်လည်းအလုပ်သဘောရ နေပေးပါတယ်။
"မင်းကအသက်အရမ်းငယ်တဲ့ပုံမပေါ်ဘူးနော်"
"ဟုတ်"
"ဘာလိုအပ်လဲ အမနဲ့နေပေးရင်အားလုံးပေးမယ်"
"ဒီဘားမှာရှိနေတုန်းတော့ ကျွန်တော်serviceပေးနိုင်ပါတယ် ဒီထပ်တော့မပေးနိုင်တော့ဘူး"
"အမလေး ချေလိုက်တာ မင်းကိုသဘောကျသွားပြီ အင်းပါမိတ်ဆွေအနေနဲ့ပဲခင်တာပေါ"
ကမ်းလာတဲ့လက်တွေကို စိတ်သန့်သန့်နဲ့ပဲ ကမ်းပြီးနှုတ်ဆက်လိုက်တယ်။ဒါပေမဲ့.....
နေ့တိုင်းအမက ဘားကိူလာပေးပြီးအချိန်ဖြုန်းပေးတဲ့ သူနဲ့အတူအချိန်ရှိပေးတိုင်း ပိုက်ဆံတွေရတယ် winအတွက်လည်း oxygenဘူးတွေများများဝယ်ထားလို့ရလာပြီး ဆေးဖိုးအတွက်လည်းအဆင်ပြေလာတယ်။
၅လလောက်ကြာတော့ လုံလုံလောက်လောက်နဲ့ ပိုက်ဆံလည်းစုမိတော့ အဲ့serviceအလုပ်ကိုထွက်ဖို့လုပ်လိုက်တယ်။
"ကျွန်တော် နားတော့မယ် အမ"
"ဘာလို့လဲ"
"ကျွန်တော်ဒီအလုပ်တွေ အချိန်အကြာကြီးမလုပ်ချင်လို့"
"အလုပ်အနေနဲ့မဟုတ်ပဲ အမကိုလက်မခံချင်ဘူးလား"
"ကျွန်တော့်မှာ ရည်းစားရှိပါတယ်"
"ငါ့မှာလည်းယောကျာ်းရှိတယ် ငါတို့ဘာလို့အဆင်မပြေကြရမှာလဲ"
"ကျွန်တော်အမကို နည်းနည်းလေးမှစိတ်မဝင်စားပါဘူး"
"ငါကတော့ မင်းကိုချစ်တယ်လေ"
"ပြီးတော့ ကျွန်တော်က ယောကျာ်းတွေကြိုက်တယ်"
"ဘာ"
"ဟုတ်တယ် ကျွန်တော့်ကောင်လေးအတွက် လိုအပ်လို့ ဒီအလုပ်ကိုလုပ်တာပါ အမနဲ့ကလည်း အလုပ်သဘောရပါပဲ"
"မင်း မင်းကွာ *တောက်"

ဒီလိုနဲ့ဆေးရုံပြန်ရောက်လာတော့ winမျက်နှာလေးကိုကိုင်ရင်း အနမ်းလေးပေးလိုက်တယ် မင်းကငါ့အတွက်အမြဲတမ်းပါပဲ မင်းကိုဘာလို့အရမ်းချစ်မိနေတာလည်း မသိပါဘူး။
---------

That Person Must Be YouWhere stories live. Discover now