အပိုင်း ၁၄

982 86 7
                                    

မင်းက ငါ့ကောင်လေး ဖြစ်မဲ့ ကံပါလာတဲ့သူပဲ ။ ဒီလိုလေး ချစ်မွှေးပါနေတာ မဆန်းပါဘူးလေ။
မင်းက ချောလားဆိုရင်ချောတဲ့ နေရာတစ်စက်မှမတွေ့ဘူး။ဒါပေမဲ့ မချောဘဲ ချစ်ဖို့ကောင်းနေခြင်းက ချစ်ဖို့သင့်နေတာမျိုး။မချောပဲနှင့် တစ်မျိုးလေး ဆွဲ ဆောင်မှု ရှိနေတတ်တယ်။ခဏလေး ဖျတ်ခနဲ ကြည့်လိုက်ရင်ချောတယ်ဆိုပြီး မြင်ရမှာ မဟုတ်ဘူး ။တစ်ဖြည်းဖြည်းချင်း တစ်စိမ့်စိမ့်ကြည့်မှတစ်ရစ်ရစ် ချစ်ဖို့ ကောင်းလာတတ်တာ ။
အခုဆိုဆရာ၀န်လေးတောင်ဖြစ်နေပြီ။
ကိုယ့်ထက်ငယ်တဲ့ သူတွေက ညီလေး လို့ ခေါ်ရလောက်အောင် ဘာဆေးတွေစားပြီး မင်းက ဘယ်လို နုရတာလဲ ။အပြင်အပေါ်ယံ
ခက်ထန်မာကျောချင်ယောင်ဆောင်ထားပေမဲ့
အတွင်းစိတ်လေးက အရမ်းနူးညံ့တတ်တာသိပါရဲ့ ။လူတိုင်းကို နွေးနွေးထွေးထွေး ဆက်ဆံတတ်တာလည်းသိတယ် ။

ကိုယ်နဲ့ မသိတဲ့သူတွေ ရှေ့မှာဆို ခပ်တည်တည်နေတတ်ပေမဲ့သူငယ်ချင်းတွေ ရှေ့ဆို ပျော်ပျော်နေတတ်လွန်းတယ် ငပေါလေးလေ ။ ပိုဆိုးတာက မင်းရဲ့ပုံစံက ကလေး ကလည်း ဆန်နေတတ်ပြန်ရော။နဖူးရှေ့ ချထားတဲ့ ဆံပင်လေးကို လှန်လိုက်ရင်လည်း ကြည့်ကောင်းနေရော ကို့ထပ်တောင်ယောကျာ်းပီသသေးတယ်။ ပြီးတော့ ပါးလေးတင် ကွက်ကိတ်နေတဲ့ ပါးဖောင်းဖောင်း
ကောင်လေး ။ည်တည်ငြိမ်ငြိမ်လေး နေလည်းကြည့်ကောင်းတယ် ။ကလေးဆန်ဆန်လေး ဝတ်လည်း ချစ်စရာကောင်းတယ် ။ရယ်နေရင်လည်း ကြွေတယ်။ စိတ်ကောက်ပြီး စူပုပ် ထော်လန်လေး ဖြစ်နေရင်လည်း အူတွေ အသည်းတွေ ယား တယ်။
စိတ်ကောက်လို့ရ မရင် ဆံပင်လေး ထိုင်ကောက်နေတဲ့သူ။လူကို ရစ်မရရင် မူလီ ထိုင်ရစ်နေတတ်တဲ့သူ။ သူ့ဘက်က အမှား လုပ်ထားလဲ ခေါင်းကလေးပဲ ပုတ်ပြီး 'နောက်မဆိုးရဘူးနော် 'ဆိုပြီး ချော့တာခံချင်သတဲ့။ လေးလေးစားစားနဲ့ ချော့ပြောပြီး ဆုံးမ တာကို ကြိုက်တယ် ဆိုပဲ ။
တစ်ခါတစ်ခါ ကျ ကလေးလေး တစ်ယောက်လို ချစ်ဖို့ ကောင်းနေတတ်ရော ။တစ်ခါတစ်ခါ ကျ လူကြီးဆန်ပြီး တည်ငြိမ်သလိုလေး နေနေတတ်ပြန်ရော ။ ချစ်ဖို့ အတော် ကောင်းတဲ့ ကောင်လေးရေ။ချောခြင်း မချောခြင်း ဆိုတာအနိစ္စ မမြဲတတ်သော သဘောရှိတယ်တဲ့ ။အသက်ကြီးလာလျှင် တဖြည်းဖြည်းပျောက်ပျက်သွား တတ်တယ် ။ကြာလာတော့ ရိုးသွားတတ်တယ်တဲ့ ။ချစ်စရာကောင်းခြင်းသည်သာ တစ်သက်လုံး မရိုးဘဲ တစ်နေ့ထက် တစ်နေ့ပို တိုးရင်း ချစ်နေရ သည်တဲ့လေ ။

That Person Must Be YouWhere stories live. Discover now