အပိုင်း ၄

1.2K 107 3
                                    

"ညကြရင်စောစော ပြန်လာအုံး မင်းကြိုက်တဲ့ မက်စီး အသင်း ဗိုလ်​လုပွဲနော် ဒီနေ့ ၈နာရီခွဲ"

"စိတ်ချ မင်းလည်းဆေးရုံမှာပဲ အိပ်မနေနဲ့ အိမ်ပြန်အိပ် မနားရလည်း အိမ်တော့ပြန်လာခဲ့အုံး ငါတစ်ယောက်ထဲနေရတာမကြိုက်ဘူး"

"အေးပါ သွားတော့ ဆေးခန်းဖွင့်ရအုံးမယ် မဟုတ်လား"

"ဟုတ်ပါတယ်ခဗျ သွားပါပြီ ခဗျ ဘိုင်ဘိုင်ခဗျ"

ပြောင်စပ်စပ်လုပ်ပြီး အိမ်ထဲကထွက်လာခဲ့တယ် ထုံးစံအတိုင်း ကော်ဖီဆိုင်အရင်၀င်ပြီး ဆေးခန်းဖွင့်နေတုန်း

"အခုမှဖွင့်မှာလား?"

"အော် P'Bright?"

"အင်း ကူပေးရမလား?"

"လက်ကမသက်သာလို့လား အစ်ကို ကျွန်တော်ဆေးအရင်ထည့်ပေးမယ်ခဏလေးစောင့်နော်"

ဆေးထည့်ပေးရင်း တွေးမိတာက ဘာလို့ သူနောက်တစ်ခေါက် ထပ်လာတာလည်းဆိုတာပါပဲ။စဥ်းစားကြည့်အပူလောင်တာက ကျွန်တော်မနေ့က ဆေးထည့်ပေးတာနဲ့တင်သက်သာပါတယ်။ ဒါမှမဟုတ် အမာရွတ်ထင်မှာဆိုးလို့များလား?

"အစ်ကို အမာရွတ်ပျောက်ဆေးပါထည့်ပေးလိုက်တယ်နော်"

"ဒီနေ့ ညနေ အားလား?"

"ဘာလုပ်မလို့လဲ အစ်ကို?"

"အော်..ကျေးဇူးတင်လို့ ညစာလိုက်ကျွေးချင်လို့"

"အင်း ၉နာရီမထိုးခင်တော့ အိမ်ရောက်ရင်ရပါတယ်"

" ဒါဆိုလည်း၆နာရီလောက်လာခေါ်လိုက်လေ အဲ့တာဆိုကိုယ်သွားပြီနော်"

"ဟုတ်" P'bright ကိုနှုတ်ဆက်ရင်း လုပ်စရာရှိတာလုပ်လိုက်တယ် ဘာပဲဖြစ်ဖြစ်ရင်နှီးသလို ခံစားရလို့ ထွေထွေထူးထူးမငြင်းမိလိုက်ဘူး။

ညနေရောက်တော့ ဆေးခန်းရှေ့မှာ P'bright က စောင့်နေတယ် သူလည်းရုံးဆင်းလာတာနဲ့တူတယ် လက်ထဲလဲ ဖိုင်တစ်ချို့နဲ့

"Win အစ်ကိုTaxi ငှါးလိုက်မယ်နော်"

"ဟုတ် အဆင်ပြေသလိုလုပ်ပါ"

ဒါနဲ့ ကျွန်တော်တို့ စားသောက်ဆိူင်တစ်ဆိုင်ကို ရောက်လာခဲ့တယ်။ အစ်ကိုကရောက်ကတည်းက ဂဏန်းမှာပေးပြီး တစ်ချိန်လုံးအခွံထိုင်နွှာပေးရင်း ကျွန်တော့်ပန်းကန်ထဲပဲထည့်ပေးနေတယ်။

That Person Must Be YouМесто, где живут истории. Откройте их для себя