အပိုင်း ၂၆

930 79 6
                                    

Zawgyi version can read on "gun-atthaphan" fb acc

"ကျွန်တော်တို့ရဲ့ ဒီနှစ်ရဲ့ ဆေးဌာနရဲ့ kingလေးကတော့ win metawin ပဲဖြစ်ပါတယ် အားလုံးပဲလက်ခုတ်တီးပေးလိုက်ကြပါအုံး"
လက်ခုပ်သံတွေနဲ့ပြည့်နက်နေတဲ့ ဖရက်ရှာကြိုဆိုပွဲမှာ ကျွန်တော်က အနိုင်ရရှိခဲ့တယ် ဒါပေမဲ့ပျော်မနေပါဘူး။ ဘာလို့လဲဆိုတော့ တစ်ဦးတည်းသောကိုကိုက ပွဲကိုမလာပေးဘူးလေ အလုပ်တွေရှိလို့တဲ့

"သီချင်းဆိုပေးပါ သီချင်းဆိုပေးပါ"
"ကဲ အားလုံးရဲ့ တောင်းဆိူချက်လေးကို nong winက ဖြည့်စည်းပေးမှာလားရှင့်"
"ဟုတ်"

"ကျွန်တော်တစ်ယောက်သူအတွက်ဆိုပေးပါမယ် သူကဒီမှာမရှိပေမဲ့ပေါ့"

◻️ပထမဆုံးအနေနဲ့တွေ့ခဲ့တဲ့လူတစ်ယောက်
ဒီစကားလေးရင်ထဲ ရုတ်တရက် စိတ်လှုပ်ရှားစေသလိုဖြစ်သွားစေတယ် ဒီလူက ငါ့ရဲ့ဖူးစားချင်ဆိုတာ ငါအတိအကျပြောနိုင်ပါတယ် အကြောင်းပြချက်တွေ ရှာမတွေ့နိုင်အောင် ဖြစ်ခဲ့ပြီ ဒီလူက အိမ်မက်ထဲက လူနဲ့ ထပ်တူမကျခဲ့ရင်တောင် ဒါပေမဲ့ မင်းကိုပဲ လိုအပ်တယ်ဆိုတာ မင်းသိရဲ့လား မင်းကသာ ငါအလိုအပ်ဆုံးပဲ ဒီနေရာလေးမှာ ငါမင်းနဲ့အတူရှိနေချင်တယ်
အရင်ချိန်တွေ နောက်တစ်ခေါက်ပြန်သွားရရင်တောင် စိတ်ချပါ ငါလိုအပ်တာ မင်းတစ်ယောက်ထဲပါ မင်းနဲ့ စသိသိခြင်း
ခံစား မိလိုက်တယ် မင်းဟာ ငါစောင့်နေတဲ့ တစ်ဦးတည်းသောသူပဲ....
အိမ်မက်ထဲက သူနဲ့ထပ်တူကြဖို့မလိုပါဘူး မင်းဖြစ်နေတာနဲ့တင် အားလုံးပြည့်စုံနေပါပြီ ရှေ့ဆက်ပြီး ငါဘေးမှာရှိနေပြီး နှစ်ယောက်လုံးလုံးတူ ဖြတ်သန်းရအောင် ငါ့အတွက် ပြီးပြည့်စုံတဲ့ ဘဝဖြစ်ဖို့ဆို မင်းကမရှိမဖြစ်ပဲပေါ့..
ဒီသီချင်းလေးက ဘယ်လောက်ပဲ သာယာပျော်ဖို့ မကောင်းဖြစ်နေပါစေ ဒါပေမဲ့ မင်းကိုနားထောင်စေချင်တယ် အချစ်ဆိုတဲ့စကားကိုပြောမထွက်ပေမဲ့ ဒါပေမဲ့ မင်းခံစားလိူ့တော့ရတယ် မဟုတ်လား◻️
သီချင်းဆုံးတဲ့ အချိန်မှာတော့ ထောင့်တစ်နေရာကနေ ပန်းစည်းလေးကိုင်ပြီ ထွက်လာတဲ့အစ်ကို

"အရင်ချိန်တွေ နောက်တစ်ခေါက်ပြန်သွားရရင်တောင် စိတ်ချပါ ကိုလိုနေတာ မင်းတစ်ယောက်ထဲပါ"
"အင်း"
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်တာနဲ့တင် အချစ်တွေမြင်နေရပါတယ် ကျွန်တော်က ထုတ်မပြတက်ပေမဲ့ အစ်ကိုကို့ချစ်တဲ့အချစ်က အစ်ကို့ကိုတော့မှီပါတယ်

"တစ်ခုခုစားကြမလား"
"ကိုကို ဘယ်ချိန်ထဲကရောက်နေတာလည်း"
"မင်းကို့အတွက်လို့ ပြောကတည်းက မင်းဘယ်ချိန်ထဲက ဂီတာတီးတာလေ့ကျင့်ထားတာလဲ"
"ဆိုပြချင်လွန်းလို့"
"နောက်ခါကြရင် ကိုဆိုပြမယ်နော်"
"ဟုတ်" ကျွန်တော့်ခေါင်းလေးကိုသူပုတ်ပေးပြီး နှာဖူးလေးကို နမ်းလိုက်တယ်။
"ချစ်တယ်win"
"ချစ်တယ်ကိုကို"
————————————
"ပင်ပန်းလိုက်တာ အခုမှနားရတယ် winဘာတွေ လုပ်နေတာလဲ"
"ကိုကို"
"ဘာလုပ်နေတာလဲ" သူ့ကြည့်ရတာ စိတ်ကြည်တဲ့ပုံမပေါ်
"အဝတ်တွေ လျော်ထားတာ ခြောက်ရင် မီးပူတိုက်မလို့လေ"
"မလုပ်နဲ့"
ဟာ စလာပြီ
"အင်းပါ"
"ကိုကို့ကို နမ်း" သူအရမ်းကိုဖြစ်နေတာပဲ
"အိပ်ချင်နေပြီ မဟုတ်လား အိပ်ပါတော့"
"စာလုပ်အုံးမှာလား"
"အင်းလေ"
"စောင့်ပေးမယ် ဘေးမှာ စာကျက်"
"အိပ်ပါတော့"
သူပင်ပန်းတာလည်း ငါမကြည့်ရက် ငါပဲအနစ်နာခံပြီး ဒီတစ်ညတော့ စာလုပ်တာ ဖြတ်မှပဲ
"လာပါသွားအိပ်ရအောင်"
"စာလုပ်လေ"
"အိပ်ရအောင် နွေးအောင်ဖက်ထားပေးမယ်လေနော်"
"အင်းပါ အဲ့တာဆိူနဲ့"

ပြန်လာရင် ရေတန်းမချိုးပဲ ချွေးသိပ်သိပ်နဲ့ အိပ်တက်တဲ့ အစ်ကိုကို့ ဖက်ပြီးအိပ်တာ အကျင့်ကိုဖြစ်လို့
"ချွေးနံ့ ကအရမ်းထွက်နေလား"
"မွှေးပါတယ်"
ဒီလိုနဲ့ ရင်ခွင်ထဲကို အတင်းတိုးဝင်ပြီး အစ်ကိုနဲ့အတူ အိပ်လိုက်တယ် ဘယ်လောက်တောင် ပင်ပန်းနေလဲ မသိဘူး အစ်ကို ခဏလေးအတွင်း နှစ်နှစ်ချိုက်ချိုက်ကို အိပ်ပျော်သွားတယ်။

"ဘယ်လောက်တောင်ပင်ပန်းနေပြီလဲအစ်ကို ၅နှစ်လေဋက်ပဲစောင့်ပါ ကျွန်တော်ဆရာ၀န်တစ်ယောက်ဖြစ်အောင်လုပ်ပြီး အစ်ကို့ကိုပြန်စောင့်ရှောက်ပါမယ်"

"ချစ်တယ် ခလေးလေး" အိပ်နေရင်းယောင်တာတောင် ချစ်တယ်ခလေးလေးတဲ့ ဒီလူကြီးကို ငါမချစ်လို့တော့ မရပါဘူးထင်ပါတယ်။
အနမ်းလှတဲ့ အစ်ကို့နှာခမ်းလေးကို ဖြည်းဖြည်းလေး ထိကပ်ပြီး good night အနမ်းလေးပေးလိူက်တယ်

"အိမ်မက်ထဲမှာ ဆက်ချစ်ရအောင်အစ်ကို ချစ်တယ် ကိုကို"
——————————————

That Person Must Be YouWhere stories live. Discover now