အပိုင်း ၃

1.4K 116 1
                                    

"Win ပြန်လာပြီလား ပင်ပန်းနေပြီလား?"

"ပြန်ရောက်နေပြီလားpong?" စောသားပဲ ဒီနေ့"

"အင်း ဒီနေ့ ဆေးရုံမှာ လူမကျတာနဲ့ စောစောပြန်လာလိုက်တာ ငါပြန်မလာတာ ၁ပတ်တောင်ပြည့်တော့မယ် မင်းငါ့ကို ဖုန်းတောင်မဆက်ဘူးနော်"

Win ကဖြည်းဖြည်းခြင်း စိတ်ဆိုးနေတဲ့ pong နားကိုကပ်သွားပြီး ဖက်လိုက်တယ်။

"ငါအရမ်းပင်ပန်းနေတာ မင်းကိုဖက်ထားမှ အဆင်ပြေတော့မယ်ထင်တယ်"

"သွားစမ်းပါ ငချွဲကောင်! ဘာလို့ဖုန်းမဆက်တာလဲ "
Pong က ကျွန်တော့် ဆေးကျောင်းနေဖက်သူငယ်ချင်းပါ။ ကျောင်းတက်​ကတည်းက ကျွန်တော်တို့ အတူနေပြီး ကျောင်းပြီးတော့လည်း အတူနေပါတယ်။ ဒါမဲ့ ကျွန်တော် Accident တစ်ခုဖြစ်ပြီး တစ်ချို့အရာတွေ မမှတ်မိတော့ဘူး။ ဘ၀ကြီးက တစ်ခုခုလိုနေသလိုမျိုး ဖြစ်နေခဲ့တယ် ဒါမဲ့ pong ရှိတော့ ကျွန်တော်အတွက် ဘယ်တော့မှ အထီးမကျန်ခဲ့ပါဘူး။သူက ကျွန်တော့်အတွက် အလင်းတန်းလိုပဲ တစ်လောကလုံးမှာ ကျွန်တော်သိတာ သူတစ်ယောက်ထဲလိုပဲခံစားရတယ်။

"ငါ ဒီနေ့လူတစ်ယောက်နဲ့တွေ့တယ် သူ့ကိုမြင်တော့လေ ငါရင်းရင်းနှီးနှီးခံစားရတယ် ဒါပေမဲ့ ငါသူ့ကိုမသိဘူး"

"မင်းအတိတ်မေ့ထားလို့ အဲ့လို ဦးနှောက်က အလုပ်လုပ်နေတာ အရမ်းမတွေးနဲ့ ပင်ပန်းနေပြီ မဟုတ်လား ငါညစာချက်ထားတယ် ငါလည်း နားချင်နေပြီ ဆေးရုံမှာ ညဆိုင်းဆင်းရတာ အရမ်းပင်ပန်းတာပဲ"

"ငါ့ဆေးခန်းမှာလာလုပ်ဆိုတော့မလုပ်ဘူးငြင်းတယ် အခုဘာဖြစ်ချင်တာလဲပြော!"

"ဘာမှမလုပ်ချင်ပါဘူး ခဗျ ရေသွားချိုးတော့နော် လိမ္မာတယ် အာဘွားလိုချင်လို့လား?"

"တော်ပါ!"

Pong ကတော့ ကျွန်တော့်ကိုစပြီး တခစ်ခစ်ရယ်ရင်းကျန်ခဲ့တယ် ကျွန်တော်ကတော့ စိတ်ဆိုးဆိုးနဲ့ ရေချိုးခန်းထဲ ၀င်ပြီးရေချိုးလိုက်တယ်။

"ခေါင်းတွေ ပြောင်အောင်သုတ်ပါဆို ဘယ်တော့မှ မသုတ်ဘူး မင်းကလေ ငါ့ကိုဒုက္ခပေးဖို့ မွေးလာတာလား?"

That Person Must Be YouWhere stories live. Discover now