အပိုင်း ၁၆

981 84 8
                                    

လွန်ခဲ့တဲ့ ၆နှစ် Accident မဖြစ်မှီ တစ်လအလို

"ကိုကို ကျွန်တော်ချင်းမိုင်ခဏပြန်ရမယ် အိမ်မှာ အဖေက အခြေအနေမကောင်းဘူးတဲ့"

"ကိုလိုက်ခဲ့မယ်လေ ခလေး "

"ဟင်အင်းမလိုက်နဲ့ကိုကို ကိုကိုစာမေးပွဲရှိတယ်လေ ​ကျွန်တော့်ဘာသာသွားပါမယ် တစ်ရက်နှစ်ရက်ပဲ အလွန်ဆုံးကြာမှာ'

"အင်းပါ စိတ်မချလိုက်တာခလေးရယ် ကိုက မင်းကိုကားမောင်းစေချင်တာမဟုတ်ဘူး"

"ရတယ် ကျွန်တော်အဆင်ပြေပါတယ်ကိုကို"

"အင်းပါ ကိုစိတ်ချမယ်နော်.."

"ဟုတ်"
ဘန်ကောက်ကနေ ချင်းမိုင်ထိ ၁နာရီမိုင် ၆၀ လောက်မောင်းရင်တော့ ၅နာရီလောက် အလွန်ဆုံးကြာတာပေါ့....ငယ်ငယ်ထဲက ချင်းမိုင်မှာနေတာဆို ဘန်ကောက်ချင်းမိုင်ဆိုတာလည်း ဘာမှထွေထွေထူးထူးမဟုတ်..ဒါပေမဲ့ ကိုကိုကတော့ သိပ်စိတ်ချတာမဟုတ်ဘူး..

"အမေ အဖေသက်သာရဲ့လား"
ရောက်ရောက်ခြင်း တစ်အိမ်လုံးက မျက်နှာမကောင်း ဘာဖြစ်နေမှန်းလဲသေချာမသိ...

"မင်း Bright နဲ့ ကြိုက်နေကြတယ်ဆိူ"

"အမေတို့ ဘယ်လိုသိကြတာလဲ"

"Win မင်းကယောကျာ်းလေးလေ ယောကျာ်းလေးတစ်ယောက်ကို ဘာလို့"

"ယောကျာ်းလေးတစ်ယောက်ကရော အ​ခြားယောကျာ်းလေးတစ်ယောက်ကိုချစ်လို့မရဘူးလား ကျွန်တော်က သူဖြစ်နေလို့ကိုချစ်တာ သူမှမဟုတ်ရင် ဘယ်သူ့ကိုမှမချစ်နိုင်ဘူး"

*ခွပ်!

"မိဘကို အာခံချင်တဲ့ကောင် မင်းကြောင့်မိဘ ဂုဏ်သိက္ခါကျတယ် မင်းကငါ့သားမဟုတ်ဘူး"

"ကျွန်တော်လဲ အဖေတို့သားမဖြစ်ချင်ပါဘူး"

"ဟာကွာ" ရုတ်တရက်သွေးတက်ပြီး မေ့လဲသွားသောအဖေ..

တကယ်တော့ ဒါ ကျွန်တော့်အမှားမှမဟုတ်တာ ကျွန်တော်က ယောကျာ်းမို့လိုချစ်ခဲ့တာမှမဟုတ်တာ သူဖြစ်နေလို့ချစ်ခဲ့တာ သူက သူမဟုတ်ရင်တောာ့ ချစ်မှာမဟုတ်ဘူး..

"မင်းအဖေ ဦးနှောက်ကင်ဆာနောက်ဆုံးအဆင့်တဲ့ " ကျွန်တော့်ကိုဖက်ပြီး ငိုနေတဲ့ အမေ့ကြောင့် တကယ်ပဲစိတ်မကောင်းပါ..ငယ်ငယ်ထဲက အမေနဲ့အဖေကို လက်ပွန်းတတီးမနေခဲ့ပေမဲ့ မိဘဆိုတဲ့ အသိကြောင့်တော့ ချစ်ပါသေးသည်။

That Person Must Be YouWhere stories live. Discover now