အပိုင်း ၁၀

1K 96 4
                                    

ယနေ့ဆို P'bright အိမ်မှာနေတာ ၁ပတ်တောင်ရှိပြီ..ညနေဆို အလုပ်ဆင်းတာနဲ့ ဆေးခန်းကူပိတ်ပေးပြီး ညဆို တူတူ Tv ကြည့်ကြတယ်။
အရင်လိုတော့ မစိမ်းတော့ပေမဲ့ ပြောပြောဆိုဆိုနဲ့ လုပ်စရာရှိတာလုပ် စကားလေးပြောရင်းပေါ့...

"Win ၂ပတ်ကျန်တာ နောက်ဆုံးအပတ်ကြရင် တောင် တွေကိုခရီးထွက်ကြမလား"

"အင်း လုပ်လေ"
တောင်တွေထပ် ပင်လယ်ကိုပိုကြိုက်တဲ့ခံစားချက်ကြီးက ဘာကြောင့်လဲမသိ...

ဘီယာဘူးလေးကိုင်ရင်း Tv ကြည့်လိုက် သောက်လိုက်နဲ့ အိမ်ရှေ့က ဆိုဖာလေးမှာပဲ အိပ်ပျော်သွားတယ်...
မနက်မိုးလင်းတော့ အခန်းထဲရောက်နေပြီ ညက ချီသွားတာတော့ သိလိုက်တယ် အခန်းထဲပို့ပြီး ခေါင်းလေးကို တစ်ချက်နမ်းပြီး အခန်းပြင်ပြန်ထွက်သွားတဲ့ P'bright အပေါ် သံယောဇဥ်ဖြစ်လာပြီထင်ပါတယ်....

"နိုးပြီလား ဒီနေ့ ပါမုန့်မီးကင်ထားတယ်"

"ကျွန်တော်ဒီနေ့ နောက်ကျမယ် ညစာစားဖို့ သူငယ်ချင်းတွေနဲ့ချိန်းထားလို့"
သေချာပြောရမယ်ဆိုရင် ကျောင်းသားဟောင်းတွေ့ဆုံပွဲပေါ့ဗျာ...အရမ်းတော့မသွားချင် မျက်နှာပူရမဲ့ သူတွေရှိတော့လည်း သွားရမယ်

"ကိုလာကြိုပေးရမလား"

"ရတယ် ကျွန်တော့်ဘာသာပဲပြန်လာလိုက်မယ်"

"အင်းပါ ကိုယ်စောင့်နေမယ်"
စိတ်မချတဲ့အကြည့်နဲ့ စိတ်ရှုပ်နေတာသိတော့ ဘာပြောရမလဲမသိဘူး... စောင့်နေမယ်ဆိုတဲ့ စကားကလည်း ရင်ကိုခုန်စေတယ်။
ညရောက်တော့ ချိန်းထားတဲ့ဘားကိုပဲတန်းသွားလိုက်တယ်။နည်းနည်းတောာနောက်ကျသွားတယ်။

"Pong"

"သူ့ကိုမနှိုးနဲ့ ရောက်ကတည်းကသောက်နေတာ အခုမှ အိပ်ပျော်သွားတာ သူဘာဖြစ်နေတာလဲWin မင်းတို့အဆင်မပြေဘူးလား" သူငယ်ချင်းတစ်ယောက်က လှမ်းပြောတယ်

"ငါနဲ့ သူက မင်းတို့ထင်သလိုမဟုတ်ဘူး"

"အေးပါ သောက်ရော့ ဘာတွေလုပ်နေလဲ အခုရော အဆင်ပြေလား?"

"ဘာမှမလုပ်ပါဘူး ငါ့ဆေးခန်းလေးက အဆင်ပြေတယ်လေ မင်းတို့ရော ဆေးရုံမှာ အဆင်ပြေရဲ့လား"

That Person Must Be YouWhere stories live. Discover now