အပိုင်း ၁၂

1K 91 6
                                    

ချစ်တာကတော့ ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။သို့ပေမဲ့ ချစ်တယ်ဆိုတဲ့နောက်က နွေးထွေးကြင်နာမှုတွေပါလာမယ်။နားလည်မှုတွေရှိမယ်။သစ္စာတရားတွေရှိမယ်။ဖြည့်ဆည်းပေးလိုမှုတွေရှိတယ် ဒါတွေကိုပဲ ပေးနိုင်တဲ့လူကတော့ ရှားလိမ့်မယ်။
စကားလေးတစ်ခုလိုပေါ့ သဘောကျတာ၊ချစ်တာ၊နွေးထွေးပေးတယ်ဆိုတာမျိုးက ဘယ်သူမဆိုလုပ်နိုင်ပေမယ့် စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပေးနေတာမျိုး၊ အများကြီးနွေးထွေးပြီး၊ဂရုတစိုက်ချစ်ပေးတာမျိုးကတော့ တကယ်ကောင်းတဲ့လူမှလုပ်နိုင်တာတဲ့။
အချစ်ဟာအမျိုးမျိုးရှိတယ်။
ငါမင်းကိုချစ်တယ်လို့ပြောပြီး ငါ့အလိုကိုလိုက်၊ငါ့အကြိုက်ကိုဆောင်၊ငါ့ကိုဂရုစိုက်ရမယ်ဆိုတဲ့ အချစ်တွေလည်းရှိတယ်။
မင်းကိုတော့ တတ်နိုင်သလောက်အကုန်ကို ပေးချင်တာ ဆိုတဲ့အချစ်တွေလည်းရှိတယ်။
ချစ်တာကတော့ဘယ်သူမဆိုလုပ်နိုင်တယ်။
ဒါပေမဲ့ တစ်စုံတစ်ယောက်နဲ့အတူတူရှိနေဖို့ ကြိုးစားတာမျိုး၊ ဘဝထဲကိုဆွဲခေါ်ဖို့စိတ်ကူးတာမျိုး၊အခက်အခဲတွေကိုအတူတူ ရင်ဆိုင်ဖို့ကြိုးစားတာမျိုးသူတစ်ခုခုလုပ်တော့မယ်ဆိုရင် သူ့ရဲ့လုပ်ရပ်ကြောင့် ကိုယ်စိတ်ညစ်မလားဆိုပြီး ကိုယ့်ဘက်ကိုတွေးပေမဲ့ ချစ်တာမျိုးကတော့ရှားတယ်။လူတွေကို ခဏတာချစ်လို့ရပါတယ်
သို့ပေမဲ့ တစ်ဘဝလုံးစာအတွက်ဆိုရင်တော့
သံယောဇဥ်ကော၊မေတ္တာကော၊နားလည်မှုတွေ၊နွေး ထွေးမှုတွေပါ ပါမှဖြစ်မယ်။
ဒါပေမဲ့ အဲ့ခံစားချက်တွေအားလုံးကိုတော့ P'bright ဆီမှာခံစားရတယ်...တကယ်ပဲချစ်မိသွားခဲ့တယ်ပဲထင်ပါတယ်..

ရုပ်ရှင်ရုံရှေ့မှာရပ်နေတာ ၂နာရီကျော်နေပြီ ကြည့်မဲ့ဇာတ်ကားကလည်း အခုချိန်လောက်ဆို တစ်၀က်လောက်ပြီးနေရောပေါ့...သက်ပြင်းချရင်း စိတ်ရှည်စွာစောင့်နေလိုက်တယ်။

"Win..."

မျက်ရည်တွေဘာလို့ ၀ဲနေတာလည်း အစ်ကိုရယ်.. ကျွန်တော်စောင့်ရတာ အစ်ကို့ကိုအပြစ် မတင်ပါဘူး..

"ကိုတောင်းပန်ပါတယ်"

ကျေးဇူးပြုပြီး..
အစ်ကို့ဆီမှာမရှိတဲ့အရာတွေကြောင့်
အစ်ကို မပေးနိုင်တဲ့အရာတွေကြောင့်
အစ်ကို့ကိုချစ်ရတဲ့လူတွေက အစ်ကို့ကို ပစ်သွားမှာကို မကြောက်ပါနဲ့..အစ်ကိုရယ်...
မပေးနိုင်တဲ့အရာတွေအတွက် ဝမ်းမနည်းနေပါနဲ့တော့.. ။ပေးနိုင် သလောက်ပဲပေးပါ။ကျွန်တော်ကပျော်ပါတယ် အစ်ကို့မေတ္တာတွေနဲ့..ကျွန်တော်​တို့ဆီမှာ လူတွေရဲ့လိုအပ်သမျှကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုရင် သိပ်ကိုမောပန်းရပြီး စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုလည်း ဘယ်ရနိုင်မလဲ။

That Person Must Be YouOnde as histórias ganham vida. Descobre agora