"တာဝန်အလေးထားတဲ့ သူကိုး... ကဲ...ကဲ...နောက်ကျနေမယ်...ပြင်ကြတော့..."

ခြံဝန်းကျယ်ကြီးထဲက ထွက်ခွာလာသော ကားလေးက အဝေးပြေးဂိတ်ဆီ တရိပ်ရိပ်ပြေးလျက်။

မြတ်နိုးယုံကြည်ရာ ​ချစ်ခြင်းကို တွေ့ဆုံခွင့်၊ ပိုင်ဆိုင်ခွင့် ရခဲ့လေသော ပေါင်းစည်းခွင့်မရခင် ခွဲခွာခဲ့ရလေသော နယ်မြေဆီ ရောက်ချေဦးတော့မည်။

ကားဆိုက်တော့ ထုံးစံအတိုင်း ဦးဦးရန်ရှင်းက စောင့်နေနှင့်သည်။

ကားနောက်ခန်းထဲ ကျောပိုးအိတ် ပစ်ထည့်ကာ လူပါ ခပ်လျောလျောထိုင်ရင်း မျက်ဝန်းများ မှေးမှိတ်ပြီး လိုက်လာမိသည်။

"တပ်မှာ ဘာထူးသေးလဲ ဆရာရန်ရှင်း..."

"ပုံမှန်ပါပဲ အမ...ဆယ်မျိုးဆယ်ဘောင်တွေတော့ ပိုးကျလို့ မနေ့က ဆေးဖြန်းရတယ်......"

"တပ်ရင်းမှူးရော အစားအသောက်မှန်ရဲ့လား...အစာအိမ် ပြန်ဖြစ်မစိုးလို့..."

"စစ်ဆင်ရေးရှိနေတော့ တပ်ရင်းမှူးက ရုံးမှာအနေများတယ် အမ...ပြန်မစားဖြစ်ရင် ကျွန်တော် လိုက်ပို့ပေးပါတယ်..."

"တော်သေးတာပေါ့...အမလည်း အဲ့ဒါကြောင့် သားငယ်လေး စာမေးပွဲပြီးတာနဲ့ တန်းပြန်လာတာ..."

စစ်ဆင်ရေး ဆိုတာကြောင့် ဆတ်ခနဲ ဖြစ်သွားဆဲ ရိပ်သာရှေ့က ဖြတ်နေတဲ့ ကားလေးကြောင့် လည်ပြန်ငေးကြည့်လာမိသည်။

ချစ်သူရဲ့ အငွေ့အသက်တို့ ခြုံလွှမ်းရာ၊ ချစ်သူရဲ့ ပုံရိပ်တို့ ကြီးစိုးရာ၊ ချစ်သူရဲ့ နားခိုရာ အရိပ်အမြုံလေးက နောက်ကြည့်မှန်မှာ ဝေး၍ဝေး၍ ကျန်ခဲ့ပြီ။

ညနေစောင်းမှ ရုံးကပြန်လာသော ဖေကြီးကို မျက်နှာချင်း မဆိုင်ရဲသဖြင့် ခြင်္သေ့ရုပ်နာရီလေးပိုက်ရင်း အခန်းအောင်းနေမိတာ။

တံခါးခေါက်သံကြောင့် ကုတင်မှာ ဒူးလေးပိုက်ထိုင်ရင်း မော့ကြည့်မိတော့ ကုတင်ဘေးက စာကြည့်စားပွဲမှာ ဝင်ထိုင်သည့် ဖေကြီး။

"သားငယ်...."

"..........."

"ကိုယ်ချင်းမစာဘူး...လုပ်ရက်လိုက်တာ လို့...ထင်နေမှာပဲ..."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now