Chapter 3-1

30.7K 4.4K 149
                                    

နောက်တစ်နေ့မနက်ခင်း။

ရီမင် အိပ်ယာကနိုးတော့ အမှတ်မရှိစွာဘဲ သူ့ဘေးကို စမ်းလိုက်တယ်။ထုံးစံအတိုင်း အေးစက်စက်မွေ့ယာကိုသာ စမ်းမိလေရဲ့။
အိပ်ယာဘေးမှာတော့ စာရွက်လေးတစ်ရွက် ကပ်ထားတာတွေ့တယ်။

ဒီနေ့ ပြောင်းဖို့ မမေ့နဲ့!

စာရွက်ပေါ်က လက်ရေးက မော်ကြွားလွန်းလှတယ်။
မောက်မာခြင်း ၊ အထက်စီးဆန်ခြင်း ၊ အေးစက်ခြင်းတွေ ရောပြွန်းနေပြီး တော်တော်လေးကို စာနာမှုကင်းမဲ့လွန်းတယ်။

ဟက်...မျှော်လင့်ထားတဲ့ အတိုင်းပါပဲလား..။

ယောက်ျားဆိုတဲ့ သတ္တဝါတွေက တစ်ဖက်လူကို အသိအမှတ်လေးတောင် ပြုရကောင်းမှန်းမသိ!
ကိစ္စပြီးတာနဲ့ ဘောင်းဘီလေးကောက်စွပ်ပြီး ထွက်သွားကြတော့တာပဲ!
(စကားလုံးတွေ ရိုင်းသွားရင် sorry)

ညက အရှိန်အဟုန်ပြင်းပြင်းနဲ့ နှစ်ယောက်သား အပေးအယူမျှခဲ့ကြတယ်လေ။
ဒီနေ့ကျတော့ ကျီးထိုးထိုး ခွေးစားစား မင်းလမ်းမင်းလျှောက်တဲ့လား။

ရီမင် အိပ်ယာမှထကာ စာရွက်ကို လုံးချေပြီး အမှိုက်တောင်းထဲ ပစ်ထည့်လိုက်တယ်။

တဖြည်းဖြည်း တောက်ပလာတဲ့နေရောင်ခြည်က ပြတင်းပေါက်မှန်တွေကို ဖောက်ပြီး ဧည့်ခန်းထဲထိ ဝင်ရောက်လာခဲ့တယ်။

ကျီးဟန်က အစောကြီးပဲ ထသွားတယ်။
သူ့ရဲ့ စိတ်လှုပ်ရှားခြင်းတွေကိုတောင် မထိန်းထားနိုင်တော့ဘူး။ဂျူလီယမ်ကို ကြိုဖို့ အပြေးအလွှားကို သွားတော့တာပါပဲ။

ဒီနလပိန်းတုံးတိရိစ္ဆာန်စုံတွဲက တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ ဘယ်လောက်တောင် အလျင်လို​နေခဲ့ပါလိမ့်!
စိတ်လှုပ်ရှားစွာပွေ့ဖက်ရင်း ပြင်းပြင်းပြပြနမ်းကြတော့မယ်ပေါ့!

ဒီအတွေးတွေနဲ့ ရီမင် ပူလောင်လာခဲ့တယ်။
ဒေါသဖြစ်ဖြစ်နဲ့ marker ကိုင်ပြီး ပြတင်းပေါက်မှန်မှာ စာလုံးတချို့ ရေးခြစ်လိုက်တယ်။

ကျီးဟန် မင်းက မြုံနေတဲ့ကောင်ပဲ!

အဲ့ဒီခွေးမသားက တစ်ညလုံးနီးပါး သူ့ကို f**kထားပြီး
မနက်ကျတော့ ချစ်သူစီ အပြေးလေးသွားတယ်။
ထပ်ပြီးတော့ သူ့d**k မထောင်နိုင်တော့မှာ ဒင်းမကြောက်ဘူးလား။
(ထပ်ပြီးတောင်းပန်တယ်..စကားလုံးတွေ ရိုင်းသွားတာဆောရီး..မကြိက်ရင်ပြောကြပါ..တည့်တိုးကြီးတွေ မရေးတော့ဘူး)

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now