Chapter 111

14.6K 2.4K 124
                                    

ပိုင်ရှီရှန်း ကုသဆောင်ထဲက ထွက်လာပြီး ပိုးသတ်ထားတဲ့အဝတ်တွေကို ရိုးရိုးအဝတ်နဲ့ပြန်လဲလိုက်တယ် ။ အပြင်ရောက်တော့ ယုပေါ်ယွင်ထိုင်နေတာလည်းတွေ့ရော သူ အံ့သြသွားတယ် ။ ဒါပေမယ့် ခေါင်းဆတ်ပြပြီး ယုပေါ်ယွင်ရှေ့မှာ ဝင်ထိုင်တယ် ။
နှစ်ယောက်လုံး စကားမပြောဖြစ်ဘဲ ငြိမ်ငြိမ်လေးထိုင်နေမိကြတာပေါ့ ။

ယုပေါ်ယွင်က သူယူလာတဲ့ စားစရာအိတ်ကို ပိုင်ရှီရှန်းထံ ကမ်းပေးလိုက်တယ် ။
"ခင်ဗျား မစားရသေးဘူးမဟုတ်လား"

"ဟုတ်တယ်...စားဖို့အချိန်တောင်မရှိဘူးဖြစ်နေတာ "
ပိုင်ရှီရှန်းက ယုပေါ်ယွင်ကမ်းပေးတဲ့အိတ်ကိုယူပြီး အထဲက ဆန်မုန့်တစ်လုံးထုတ်ကာ တစ်ကိုက်ကိုက်လေတယ် ။
"ငါ သူ့ကို စိတ်ပူနေတာနဲ့ စားဖို့မေ့နေတာ...စိတ်တွေလည်း သူ့ဆီပဲရောက်နေတော့ ကျန်တာတွေ အကုန်မေ့...အခုတော့ တစ်ခြမ်းလောက် စိတ်အေးရပြီမို့ နည်းနည်းတော့စားလိုက်ဦးမယ်.."

"အရမ်းကြီးလည်း စိတ်ပူမနေပါနဲ့..ကိုယ့်ကျန်းမာရေးလည်း ကိုယ်ဂရုစိုက်ပါဗျာ...
မန့်ကော အခြေအနေက သိပ်အဆိုးကြီး မဟုတ်တော့ပါဘူး...မကြာခင် ပြန်သတိရလာမယ်ဆိုတာ ကျွန်တော် ပြောရဲတယ်.."

ပိုင်ရှီရှန်းက ဆန်မုန့်ဝါးရင်း ဆတ်ခနဲ ခေါင်းညိတ်ပြတယ် ။ သူက တစ်စုံတစ်ရာကို ယတိပြတ်ဆုံးဖြတ်ပြီးပုံလည်းရတယ် ။
"မန့်လုံသာ ပြန်သတိရလာရင် ငါ သူနဲ့အတူ မန့်အိမ်တော်ကို လိုက်သွားတော့မယ်.."

"မန့် အိမ်တော်ကို ?! "
ယုပေါ်ယွင် တအံ့တသြနဲ့ မျက်ခုံးလေးတောင်ပင့်တက်သွားတယ် ။
"မန့်အိမ်တော်ကိုသွားပြီး ဘာလုပ်မှာလဲ ..
အဲ့လူတွေက ရေနံဆီမရှိတဲ့ မီးအိမ်လိုပဲ (ဟန်ရှိပြီး အဆံမရှိဘူးလို့ ဆိုလိုချင်တာဖြစ်မယ်)"

"သူတို့က မန့်လုံနောက်ကျောကို ဓားနဲ့ထိုးဖို့ အချိန်ပြည့်ကြံရွယ်နေကြတာ...အဲ့ဒါကြောင့်သွားမှာ.."
ပိုင်ရှီရှန်းက လှောင်ပြုံးပြုံးရင်း ဆက်ပြောတယ် ။
"မန့်ချွန်ဆိုတဲ့ သတ္တဝါကို ဖမ်းမိပြီလို့ ဥက္ကဌကုက ပြောတယ်...အဲ့ဒီမန့်ချွန်ကို ဆုကောင်းကောင်းလေး ပြန်ပေးရမယ့် အချိန်ကို ရောက်လာတော့မယ်လေ..မန့်လုံနိုးလာရင် သူနဲ့အတူ မန့်အိမ်တော်ကို လိုက်သွားမယ်..မန့်မန့်လုံ နဲ့ မန့်လုံချစ်တဲ့ငါ့အပေါ် သူတို့လုပ်ခဲ့တာတွေအတွက် တာဝန်ခံခိုင်းမယ်...သူတို့လက်မခံရင် အဲ့ဒီဘင်္ဂလားဆွေမျိုးတစ်သိုက်လုံးကို အိမ်ကနေ မောင်းထုတ်ပစ်မယ် "

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now