Chapter 2

34.8K 4.5K 245
                                    

ကျီးဟန် မှင်တက်သွားလေတယ်။
ရီမင် ခုလိုမျိုး တောင်းဆိုလိမ့်မယ်လို့ တကယ်ကို မျှော်လင့်မထားခဲ့မိဘူး။
သူ့ရဲ့ မှောင်မိုက်နေတဲ့ မျက်ဝန်းတွေနဲ့ ရီမင်ကို စိုက်ကြည့်လိုက်တယ်။

ရီမင်က ခပ်လှောင်လှောင်ပဲ သူ့ကို ပြန်ကြည့်လေတယ်။
"မနက်ဖန်ဆိုရင် မင်းကို တခြားလူတစ်ယောက်က ပိုင်သွားတော့မှာလေ...ဒါကြောင့် ဒီည ငါ့ကို ပျော်ရွှင်ခွင့်လေးပေးပါကွာ..ငါ့အတွက် ဒီအခွင့်အရေးက ဘယ်တော့မှ ထပ်ရတော့မှာ မဟုတ်လို့ပါ"

ကျီးဟန်ရဲ့ စိတ်ထွက်ပေါက်အဖြစ် အချိန်တွေအကြာကြီး သူ ရှိနေပေးခဲ့တယ်။
အခုတော့ သူတို့ လမ်းခွဲကြရတော့မယ်။
သူ ပေးဆပ်ခဲ့တဲ့အချိန်တွေက သူ့ကို ပြန်ပြီးတောင် လှောင်ပြောင်နေကြပြီ။

တကယ်ပဲ တရားကျဖို့ကောင်းလိုက်တာ။

ဒီနည်းလမ်းနဲ့ပဲ သူတို့နှစ်ယောက်မှာ ဆက်သွယ်မှုလေးတစ်ခုရှိခဲ့တယ်ဆိုတာ မှတ်ယူသွားချင်ခဲ့ရုံ​လေးပါ။
ဒိထက်မပိုခဲ့ပါဘူး။

"အိုခေ"
ကျီးဟန်ရဲ့ဖုန်းက ထပ်မြည်လာခဲ့ပြန်သည်။
ဒါကြောင့် သိပ်အများကြီး စဉ်းစားမနေတော့ဘဲ ရီမင်ရဲ့ တောင်းဆိုချက်ကို မြန်မြန်ပဲ လက်ခံလိုက်လေတယ်။
ဒီအပေးအယူက ရိုးရိုးသားသားမှ ဟုတ်ရဲ့လား။
အနည်းဆုံးတော့ ဒါကို သူ သဘောတူနေဆဲပါပဲ။

ကျီးဟန်ဖုန်းပြောနေတာကိုစောင့်ရင်း ရီမင် လှောင်ပြောင်နေခဲ့မိတယ်။

ယောက်ျားတွေက အမြဲတမ်း သူတို့ရဲ့ d**k နဲ့ပဲ တွေးကြတယ်။ဦးနှောက်ကိုတော့ မသုံးကြဘူး။

ရီမင် မီးဖိုချောင်ထဲသွားပြီး အရင်ကလိုပဲ ချက်ပြုတ်နေခဲ့တယ်။

ဒါက သူတို့ရဲ့ နောက်ဆုံးညစာလေ။

ဒယ်အိုးထဲက ဟင်းလျာနံ့က အပြင်ထိ မွှေးပျံ့လာပြီး ပန်းကန်တွေထဲက အိမ်ချက်ဟင်းပွဲတွေကလည်း ယစ်မူးဖွယ်အတိ။

အလင်းဖျော့ဖျော့လေးရယ် လှလှပပပုံဖော်ထားတဲ့ စားပွဲပေါ်က ဟင်းပွဲလေးတွေရယ်က ရီမင့်ရဲ့ စိတ်အတွင်းပိုင်းထဲထိ နွေးထွေးစေခဲ့တယ်။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now