Chapter 41

22.6K 3.3K 58
                                    

နောက်နေ့မနက်ဝေလီဝေလင်းအချိန်မှာ သူမွေးဖွားရာ မြို့ငယ်လေးကို ရီမင်ရောက်သွားခဲ့တယ် ။

ဒီနေရာက မြို့ပြနဲ့ အလှမ်းဝေးလွန်းတယ် ။
သူက ဒီနယ်သားမဟုတ်ဘဲ ခုမှ ဒီနယ်လေးကို ရောက်ဖူးတဲ့သူသာဆိုရင် တောင်တွေပတ်လည်ဝိုင်းနေပြီး သာယာလွန်းတဲ့ ရှူမျှော်ခင်းတွေရဲ့ ဆွဲဆောင်မှုကို ကောင်းကောင်းကြီး ခံနေရမှာ ။ ဒီနယ်လေးကနေ မပြန်ချင်အောင် ဖြစ်မိလိမ့်မယ် ။

ဒီနေရာက လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး ။
ိုဆိုးရွားလွမ်းတဲ့ လမ်းကြောင့် ဒီကိုရောက်လာဖို့ အတော်ကို မောင်းခဲ့ရတယ် ။ မြို့ထဲက လမ်းတွေဆို ပိုဆိုးသေး ။ ကားတောင်မောင်းလို့မရဘူး ။

ဒါကြောင့် ကားကိုလမ်းဘေးကပ်ရပ်ပြီး ကြောင်တစ်ကောင်ပိုက်ကာ လမ်းလျှောက်သွားရန်သာ ပြင်ရတော့တယ် ။

သူ့အဒေါ်ကို အရင်ဖုန်းဆက်ရမှာ သတိရသွားပြီး ဖုန်းကိုထုတ်လိုက်ပေမယ့် ဖုန်းက စက်ပိတ်လို့နေပြီ ။

ဟုတ်သားပဲ !
အာရုံတွေလွင့်နေတာ ဖုန်းအားသွင်းဖို့ မေ့နေခဲ့တယ် !

သက်ပြင်းတစ်ချက်ချပြီး အိတ်ကပ်ထဲ ဖုန်းကို ပြန်ထည့်ကာ သူ့မှတ်ဥာဏ်ထဲ ပေါ်လာတဲ့လမ်းအတိုင်း လျှောက်သွားမိတယ် ။

မြို့ငယ်လေးရဲ့ အပြင်ဘက် တခြားနေရာတွေမှာတော့ အလျင်အမြန်ကို ဖွံ့ဖြိုးတိုးတက်လို့နေတယ် ။
နှစ်စဉ်နှစ်တိုင်း တိုးတက်ပြောင်းလဲမှုတွေက လိုက်လို့တောင်မမှီနိုင်ဘူး ။
ဒါပေမယ့် ဒီမြို့လေးကတော့ ကမ္ဘာကြီးရဲ့ အပြင်ဘက်မှာ သီးခြားတည်ရှိနေသလိုပဲ ။

သူ ပြန်မလာတာ ဆယ်နှစ်ကျော်လောက်ရှိရောပေါ့ ။
ဒါတောင် ထူးထူးခြားခြားပြောင်းလဲသွားတာ ဘာမှမရှိဘူး ။ သူ့မှတ်ဥာဏ်ထဲက ပုံရိပ်တွေနဲ့ တစ်ထပ်တည်းပဲ ။

ရီမင်က လမ်းမတလျောက် တရွေ့ရွေ့လျှောက်လာခဲ့တယ် ။
လမ်းတလျောက်က လူတွေကလည်း သူ့ကို
လိုက်ကြည့်နေကြတယ် ။

သဘာဝကျပါတယ် !
သူက အခုဆို ဒီမြို့လေးနဲ့စိမ်းသက်နေတဲ့ လူစိမ်းတစ်ယောက်ပဲလေ !
ဒီလူစိမ်းက သူတို့မြို့လေးကို ဘာလာလုပ်ပါလိမ့်လို့ သူတို့တွေးနေကြမှာပေါ့ !

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now