Chapter 92

15.5K 2.6K 247
                                    

နေ့လည်စာ ထမင်းစားချိန်ဖြစ်တာကြောင့် ပိုင်ရှီရှန်းရဲ့ စမ်းသပ်ခန်းထဲမှာ လူနာတစ်ယောက်မှ မရှိတော့ဘူး ။ ဒါပေမယ့် တစ်စုံတစ်ယောက်က​တော့ သူ့ရှေ့ကထိုင်ခုံမှာ ထီးထီးကြီးထိုင်ပြီး ငုတ်တုတ်မေ့လို့ ။

"ကဲ ဆိုစမ်းပါဦး! "
ပိုင်ရှီရှန်းက ဖိုင်တွဲတစ်ခုကို ပိတ်လိုက်ပြီး သူ့ရှေ့မှာ ထိုင်နေတဲ့ ကုဖုန်းကို မေးလိုက်တယ် ။
"ဘာအကြောင်းတွေများ ပြောချင်တာလဲ "

"ယုပေါ်ယွင်အ​ကြောင်း "

ကုဖုန်းက ခဏရပ်ပြီးမှ ဆက်ပြောလေတယ် ။
"သူ့အခြေအနေကို မေးချင်တာ"

"သြော် ဒါလား...သူ့အခြေအနေက အတော်လေး ကောင်းပါတယ်..အားလုံး ပုံမှန်ပဲ...ဒါပေမယ့် --------"

ကုဖုန်း ဆတ်ခနဲဖြစ်သွားတာပေါ့ ။
"ဒါပေမယ့် ဘာလဲ "

"အဲ့ဒါက သူ့ခန္ဓာကိုယ်နဲ့ဆိုင်တာ "
ပိုင်ရှီရှန်း ဆက်ပြောသင့် မပြောသင့် ချိန်ဆနေပုံပဲ ။ ဒါပေမယ့် သူ ပြောလိုက်ပါတယ် ။
"ရိုးရိုးသားသားပြောရရင် သူ့ခန္ဓာကိုယ်ကလည်း ကောင်းပါတယ်..မကောင်းတာက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ !"

ကုဖုန်းက စားပွဲခုံကို ကိုင်လိုက်တယ် ။ သူ့နှလုံးသားထဲမှာလည်း သိမ့်ခနဲ နာကျင်သွားတယ် ။

"ဘာကို ဆိုလိုတာလဲ "

"ယုပေါ်ယွင်က အရမ်း သည်းခံနိုင်တာပဲလို့ ခင်ဗျား မထင်မိဘူးလား "

ဘယ်လိုတောင် မေးလိုက်ပါလိမ့် !

ကုဖုန်း နှလုံးသားတစ်ခုလုံး တင်းကျပ်လို့သွားလေတယ် ။ အတိတ်အကြောင်းတွေကလည်း သူ့အတွေးထဲ တဖြတ်ဖြတ်နဲ့ ပေါ်လာတာပေါ့ ။

ယုပေါ်ယွင်က ဒဏ်ရာအနာတရဖြစ်တဲ့အခါတိုင်း နာနာကျင်ကျင်အော်ဟစ်လိုက်တာမျိုး ၊ ညီးညူနေတာမျိုး မရှိခဲ့ဘူး ။ ဆေးရုံရောက်လို့ ဆရာဝန်က ဒဏ်ရာကို ကိုင်တွယ်ထိုးဆွပြီး ဆေးထည့် ပတ်တီးစည်းချိန်မှာလည်း အသံတစ်ချက် မထွက်ဘဲ နာကျင်မှုဒဏ်ကို အံကြိတ်ခံတယ် ။

သူတို့အပြီးအပိုင်လမ်းခွဲခဲ့တဲ့ နောက်ဆုံးညက ယုပေါ်ယွင် တောင်းဆိုခဲ့တာ မှတ်မိသေးတယ် ။ အဲ့ဒီညမှာ ယုပေါ်ယွင်က အရင်လိုပဲ သူ့ကို ညစာကောင်းကောင်းချက်ကျွေးတယ် ။ ပြီးတော့ နောက်ဆုံးအနေနဲ့ sex လုပ်ကြရအောင်တဲ့ ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now