Chapter 91

15.7K 2.5K 114
                                    

"နောင်တ ? "

ယုပေါ်ယွင် ကိုယ်လေးတောင့်ခနဲပဲ ။
ဒါပေမယ့် သူ စိတ်လျော့လိုက်ပါတယ် ။

"အဲ့ဒါက ကျွန်တော့်မှာ ခင်ဗျားရဲ့ ကလေးရှိနေလို့------------------"

"ကလေးနဲ့ ဘာမှမဆိုင်ဘူး "

ကုဖုန်းက ယုပေါ်ယွင်တွန်းနေတဲ့လှည်းကို လက်ပြောင်းယူလိုက်တယ် ။ သူကလှည်းတွန်းပြီး ယုပေါ်ယွင်က သူ့ဘေးမှာ ။ နှစ်ယောက်သား ယှဥ်လျက်လျှောက်နေကြတာခြေလှမ်းတွေက စည်းချက်ကျကျ ။

"မင်းကြောင့်ပဲ ! "

ယုပေါ်ယွင်လေး ငြိမ်သွားတယ် ။
မိနစ်ပေါင်းများစွာ ကြာတဲ့အထိ ။
ပြီးမှ ကုဖုန်းကို ခေါင်းမော့ကြည့်လိုက်လေတယ် ။
"ကုဖုန်း ! ခင်ဗျားက အမြဲတမ်း ဒီလိုပဲနော် "

ကုဖုန်းက ခြေလှမ်းတွေကို ရပ်လိုက်တယ် ။

"ငါ ချန်းလင်လင်းနဲ့ အတူရှိတဲ့အချိန်တွေမှာ သူနဲ့ အရမ်းကြီး နီးနီးကပ်ကပ်မနေခဲ့ပါဘူး...
​ပြီးတော့ သူနဲ့လည်း ပြတ်ပြတ်သားသား လမ်းခွဲခဲ့ပြီးပြီလေ..ငါက အခု မင်းနဲ့အတူရှိနေမှာပါ.."

"ခင်ဗျား ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး ပြောစမ်းပါ..အခု နောင်တရနေမိပြီဆိုတာလေ.. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

ကုဖုန်းက ပြန်မဖြေခဲ့ဘူး ။ ဒါပေမယ့် လှည်းကိုတွန်းဖို့ပြင်နေတဲ့ ယုပေါ်ယွင်ရဲ့လက်ကလေးတွေကို လှမ်းဆုပ်ကိုင်လိုက်တယ် ။

"ခင်ဗျားက စိတ်ခံစားမှုပိုင်းမှာ တော်တော်ချည့်နဲ့နုံချာတာပဲ..အဲ့ဒါကို ခင်ဗျားကိုယ်ခင်ဗျားလည်း မသိဘူး မဟုတ်လား....တခြားလူတွေ
ခင်ဗျားအပေါ် ရိုးရိုးသားသား ဆက်ဆံလည်း အချည်းနှီးပဲ..ခင်ဗျားရဲ့ သေနေတဲ့ စိတ်ခံစားမှုကြီးက ဘယ်တော့မှ ရင့်ကျက်လာမှာမဟုတ်ဘူး... "

ယုပေါ်ယွင်က သူ့လက်ကို ကိုင်ထားတဲ့ ကုဖုန်းကို ကြည့်လိုက်တယ် ။
"ခင်ဗျားက ခုမှ ဒီစကားတွေကို ထပ်ခါထပ်ခါလာပြောနေတယ်...
ကျွန်တော့်အမြင်ကို ရိုးရိုးသားသားပြောရရင်
အဲ့ဒါက ခင်ဗျား မှီခိုချင်နေတာ..ကြီးကောင်ကြီးမားနဲ့ ကလေးတစ်ယောက်လို မှီခိုချင်နေတာ.."

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now