Chapter 33

23.6K 3.6K 151
                                    

ရီမင် မျက်မှောင်ကြုတ်လိုက်တယ်။
"ခင်ဗျား ကျွန်တော့်ကို stalk နေတာလား?"

ကျီးဟန်မျက်နှာပေါ်မှာတော့ ဘာခံစားချက်မှရှိမနေဘူး ။ သူက ကားတံခါးကိုဖွင့်ပြီး ပြောလေတယ် ။
"ကားပေါ်တက်"

"ခင်ဗျား ဘာတွေလာလုပ်နေတာလဲ?"

ကျီးဟန် ကြည့်ရတာ ဒေါသတွေ မျိုသိပ်ထားရပုံပဲ ။
"ငါ မင်းကို အိမ်ပြန်ပို့ပေးမယ် "

"ခင်ဗျား ဘာဖြစ်နေတာလဲ?"
ရီမင် အထင်သေးစပ်ဆုပ်စွာနဲ့ နှာမှုတ်လိုက်တယ်။
"ခင်ဗျားကို ကျွန်တော်မလိုဘူး..ကျွန်တော့်ဘာသာ တက္ကစီငှါးသွားလို့ရတယ်"

ကျီးဟန် steering wheel ကို အားနဲ့ဆုပ်ကိုင်လိုက်တယ် ။ သူ့ရဲ အေးစက်စက်မျက်ဝန်းတွေကတော့ သားရဲတစ်ကောင်လို ကြမ်းကြုတ်မှုတွေနဲ့ ပြည့်လာတယ် ။
"ငါ ဒီနေရာမှာ ဒေါသမပေါက်ကွဲချင်ဘူးနော်..
လာ ကားပေါ်တက် "

ရီမင် အဲဒီလူကို လျစ်လျူရှုထားလျက်ပဲ ။
ပြီးတော့ ဖုန်းထုတ်ကာ တက္ကစီခေါ်လိုက်တယ် ။
ဒါပေမယ့် သူ့ဖုန်းက လိုင်းတက်မလာဘူး ။
သူ ဖုန်းကို သေချာစစ်လိုက်တယ် ။
China mobile က စာတိုလေးတစ်စောင်ပို့ထားခဲ့တာပဲ ။
သူ့ အကြွေးတွေကြောင့် လိုင်းဖြတ်လိုက်ပါပြီတဲ့ ။

ဒီအခြေအနေက ဘာလဲကွာ !?

ကိုးရိုးကားရားနိုင်လိုက်တာ !

ဒီအချိန်ကျမှ ဖြစ်ရတယ်လို့ !

သူ အရှက်ပြေ ချောင်းဟန့်လိုက်တယ် ။ ပြီးမှ စကားဆက်တယ် ။
"အခုတော့.............
ခင်ဗျားကားကိုပဲ စီးရတော့မယ်"

ကျီးဟန်မျက်လုံးတွေက အရာရာကို ထိုးဖောက်မြင်နေရသလို စူးရှထက်မြက်လွန်းတယ် ။
အဲ့ဒီမျက်လုံးတွေအောက်မှာ သူ အားယူပြီး ပြောခဲ့ရတာ ။ သူ ကားတံခါးဖွင့်ပြီး ဝင်ထိုင်လိုက်တယ် ။

ကားက ဖြေးညှင်းစွာနဲ့ စတင်ရွေ့လျားနေပြီ ။

"အဲ့ဒီမှာ ပျော်စရာကောင်းလား?"
ရုတ်တရက် ကျီးဟန်က ထမေးတယ် ။

ကျီးဟန်ရဲ့ လေသံထဲကနေ တစ်ခုခုကို အာရုံခံမိတဲ့ ရီမင်က သတိထားပြီး မေးလိုက်တယ် ။
"ခင်ဗျား ဘာလုပ်ချင်လို့လဲ?"

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now