ကုဖုန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ် ။
"ဒါဆို ခင်ဗျား အမှုဖွင့်လို့ရပြီပေါ့ ""သေချာတာပေါ့..သူတို့ရေးထားတဲ့ ဝန်ခံစာနဲ့တင် သူတို့ဘဝတလျောက်လုံး ထောင်ထဲမှာနေသွားရဖို့ လုံလောက်ပါတယ်.."
ရဲမှူးကြီး ဂျီအန်းက တည်ငြိမ်တဲ့အသံနဲ့ဆိုတယ် ။
"ဒါပေမယ့် ခင်ဗျားသိထားရမှာ တစ်ခုတော့ရှိတယ် ""ဘာလဲ?"
"သူတို့ကို စစ်မေးနေတုန်းက သူတို့ ပါးစပ်က ထွက်လာတာပဲ..သူတို့ကို ကူညီမယ့်သူရှိတယ်တဲ့...အဲ့ဒီလူက သူတို့အတွက် အကောင်းဆုံးရှေ့နေတစ်ယောက်တောင် ငှားပေးနိုင်တယ်ဆိုပဲဗျ...ကျွန်တော်ကိုယ်တိုင်
အသေးစိတ်သိရအောင် စစ်မေးခဲ့ပေမယ့် သူတို့စီက အသုံးဝင်တဲ့ ဘာစကားမှ ထပ်ထွက်မလာတော့ဘူး "ကုဖုန်း အနည်းငယ်တော့ မှင်တက်မိသွားတယ် ။
"အဲ့ဒါ တကယ်ပဲလား? ""ကျွန်တော် ခန့်မှန်းရသလောက် သူတို့တစ်ခုခုတော့ လျို့ဝှက်ထားတယ်..ဒါပေမယ့် သူတို့ထုတ်ပြောလာအောင် ကျွန်တော်မလုပ်နိုင်ခဲ့ဘူး "
ဂျီအန်းက ဆက်ပြောတယ် ။
"အမှုကတော့ ပြီးပြတ်လုနီးနီးပဲ...
စုံစမ်းစစ်ဆေးလို့ရသမျှလည်း တရားရုံးကို လွှဲပေးလိုက်ပြီ...အချို့အချက်လေးတွေ ကျွန်တော် ပို့ပေးလိုက်မယ်..
ခင်ဗျားကိုယ်တိုင် ကြည့်ကြည့်လိုက်ပေါ့ "ကုဖုန်း ခေါင်းညိတ်လိုက်တယ် ။
"ဟုတ်ပါပြီ..ခုလို အင်တိုက်အားတိုက် ကူညီပေးတဲ့အတွက် ခင်ဗျားကို ကောင်းကောင်းပြုစုပါ့မယ်..တစ်ရက်လောက် ညစာစားကြရအောင် "
"ဘာမှ ကြီးကြီးမားမားဖြေရှင်းရတာ မဟုတ်ပါဘူးဗျာ "
ပြီးတော့ စကားတစ်ခွန်း နှစ်ခွန်းဆက်ပြောပြီး ရဲမှူးဂျီအန်းက ဖုန်းချသွားတယ် ။ကုဖုန်းက ယုပေါ်ယွင်အနား ပြန်လျှောက်လာပြီး ချထားတဲ့ စွပ်ပြုတ်ခွက်ကို ကြည့်ကာ
"ဦးလေး လီ.. နောက်တစ်ခွက်ထပ်ပေးလိုက်ပါဦး""ဟင့်အင်း "
နောက်ဆုံးတော့ ယုပေါ်ယွင်လေး ငြင်းလိုက်နိုင်ပါပြီ ။"ကျွန်တော် ထပ်မသောက်ချင်တော့ဘူး..အိမ်ပဲ ပြန်တော့မယ် "
"မင်းအိမ်က ဒီမှာလေ "
ကုဖုန်းက သူ့ကို ဆွဲထားကာ ဆိုတယ် ။
"မင်းအတွက် အခန်းလည်း ပြင်ပေးထားပြီးပြီ "
YOU ARE READING
Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]
Fantasyကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်တဲ့ ကောင်လေးရယ် သွက်သွက်လက်လက် ထက်ထက်ြမက်မြက်နဲ့ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်ရယ် သူတို့နှစ်ယောက် ဆုံတွေ့ကြတဲ့အခါ နှစ်ယောက်ကြားမှာ ဘာတွေဖြစ်လာမှာလဲ Author::Ju...