Chapter 54

28.3K 3.6K 262
                                    

**​ကျော်မဖတ်ကြနဲ့နော် ..လိမ္မာတယ် **

အခုကစပြီး တရုတ်နာမည်တွေ တွဲပြီးရေးသွားပါတော့မယ်..ဘာလို့လဲဆိုတော့ wattpadက e trans က ခုမှ အပိုင်း ၇၉ပဲရှိပါသေးတယ်... reader လေးတစ်ယောက်က တရုတ် websiteတစ်ခုက​နေ complete ဖြစ်တာလေး ရှာတွေ့ထားတယ် ဒါပေမယ့် တရုတ်စာနဲ့တော့ ဖြစ်နေတယ်ဆိုပြီး google translateနဲ့ ဖတ်နည်းကိုပါ သင်ပြပေးသွားတယ်..နောက်ပိုင်း အဲ့ဒီကနေဖတ်ပြီး ပြန်မှာမို့ တရုတ်နာမည်တွေနဲ့ ကိုယ်လည်းအကျွမ်းတဝင်ဖြစ်ဖို့လိုတယ်..reader လေးတွေရောအတူတူပဲ..အဲ့ဒါကြောင့် တရုတ်နာမည်တွေတွဲရေးသွားတော့မယ်..သေချာပြန်မှတ်ထားနော်...နောက်ပိုင်း တရုတ်နာမည်တွေနဲ့ချည်းပဲ ရေးတော့မှာမို့လို့...
အပိုင်းခြောက်ရာကျော်ရှိတယ်ဆိုတာ နောက်တာပါ..side story တွေအပါအဝင်မှ သုံးရာကျော်ကျော်လေးပဲရှိတာပါ...အပိုင်းများတယ်ဆိုပြီး စိတ်ညစ်သွားကြမှာဆိုးလို့....

************************************

ထိုညမှာတော့ ဂျူလီယမ်(ချန်းလင်လင်း) က ချိန်းဆိုထားတဲ့ သီးသန့်ခန်းရှိရာကို ရောက်လာခဲ့တယ် ။

သူ့ရဲ့ အပြင်ပန်းသွင်ပြင်က တည်တည်ငြိမ်ငြိမ်ပဲဆိုပေမယ့် သူ့နှလုံးသားထဲမှာတော့ တော်တော်လေးကို လှုပ်ရှားနေတယ် ။

ကျီးဟန်(ကုဖုန်း)က ဂျူလီယမ်(ချန်းလင်လင်း) နဲ့ မျက်နှာချင်းဆိုင်ဖြေရှင်းချင်တယ်ဆိုပြီး အန်နာ(အန်နာက​တော့ အန်နာပါပဲ )ကနေတဆင့် ချိန်းဆိုလာခဲ့တာ ။
အန်နာကတော့ ပုံမှန်​လေသံနဲ့ ​ပြောတာပဲ ။
ဒါ​ပေမယ့် အကြောင်းပြချက်မရှိပါဘဲ ဂျူလီယမ် (ချန်းလင်လင်း)ကို အနည်းငယ် ပျာယာခတ်သွားစေတယ် ။

သူ စားပွဲထိုးလေးကို မှာစရာရှိတာမှာပြီး ကျီးဟန်(ကုဖုန်း )ကို စောင့်နေလိုက်တယ် ။ ခဏကြာတော့ သီးသန့်ခန်းတံခါးကို တွန်းဖွင့်ပြီး ကျီးဟန်(ကုဖုန်း ) ဝင်ရောက်လာခဲ့တယ် ။
သူ့မျက်နှာမှာ ဘာအမူအရာမှ မရှိဘူး ။ သူ့ရဲ့ဝတ်စုံက မြင်နေကျအတိုင်း ပုံကျသပ်ရပ်နေပေမယ့် ရင်ဘတ်ကကြယ်သီး တစ်ချို့ကိုတော့ 
ဖြုတ်ထားလေတယ် ။ သူ့ပုံစံက နည်းနည်း ဖရိုဖရဲဖြစ်နေသလိုပဲ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now