Arc-2.9

5.5K 578 23
                                    

ဇာတ်လိုက်- ရှောင်လုံဟန်
ဇာတ်လိုက်မ - လင်လော့ကျင်း
ဒုတိယဇာတ်လိုက် - လင်းမင်း
Mc ဝင်တဲ့ကိုယ် - ရှောင်ကျန့်

ရှောင်ကျန့်အသက်ဝဝရူလိုက်ပြိီး ခြုံပုတ်လေးထဲကနေ ပြန်ထွက်ကာ ပေနေတဲ့ ဖုန်တွေကိုခါနေလေတယ်..သူ့ကိုစိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံကိုတော့ ရှောင်ကျန့်မမြင်ပေ။ ဘေးနားကဖားလေးကတော့မြင်နေပြီး..သူ့ရဲ့host ကိုဝါးစားချင်တဲ့ ရုပ်နဲ့ကြည့်နေတဲ့ လင်းမင်းကြောင့်...ဖားလေးဟာ...

' အဟမ့်..host ရေ host ကောင်းကောင်းအသက်ရှင်ပါစေလို့ ဆု​တောင်းပေးပါတယ်......'

' အယ်...ဖားလေးမင်းဘာပြောနေတာလည်း....'

' host ကျွန်တော်အရင်က ပြောမှားဆိုမှားရှိခဲ့ရင် တောင်းပန်ပါတယ်...ကျွန်တော်ပြန်လာတဲ့အထိ host အသက်ရှင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်..ပြီးတော့လည်း ခုနက host မှာ point တွေမလောက်ဘူးဆိုတာ လိမ်လိုက်တာ..နှုတ်ဆက်ခဲ့ပါ bb ပါ host...'

' အယ်...ခဏလေး..မင်းဘာပြောချင်တာလည်း..ဖားလေးဘယ်ပျောက်သွားတာလည်း...'
ဖားလေးဟာ သူပြောချင်တာကိုပြောပြီး ပျောက်သွားလေတယ်..ရှောင်ကျန့်ကတော့ဖားလေး ပြောသွားတာကိုနားမလည်နိုင်အောင် ဖြစ်နေလေတယ်...

နောက်တော့ သူ့ရဲ့နောက်ကျော်လေးကို လေအေးများဖြတ်သွားတာကြောင့် ကိုယ်လေးတုန်တက်သွားကာ...မျက်ဝန်းဝိုင်းစက်သွားပြီး သတွေးကိုမနည်းမျိုချကာ...အနောက်ကိုဖြေးဖြေးလေး လှည့်ကြည့်လိုက်တဲ့ အချိန် ခုနကဖားလေးပြောချင်တဲ့ အဓိပ္ပာယ်ကိုနားလည်းသွားလေတယ်...

ရှောင်ကျန့်ဟာ သူ့ကိုဝါးစားမတက်စိုက်ကြည့်နေတဲ့ လင်းမင်းကိုမြင်ပြီး ဒူးတောင်မခိုင်တော့ပေ။ လက်တွေလည်းတုန်တက်လာလေတယ်..ခြေဖျားလက်ဖျားတွေပါ အေးစက်သွားကာ သူ့ရဲ့ဦးနှောက်က ဗလာဖြစ်သွားပြီး ဘာမှမစဥ်းစားနိုင်တော့ချေ။ ထွက်ပြေးဖို့တောင်မစဥ်းစားနိုင်တော့ပဲ ထိုနေရာကနေတောင် ခြေတစ်လှမ်းမရွှေ့နိုင်ဖြစ်နေလေတယ်...

လင်းမင်းကတော့ သူအရှေ့မှာယုန်လေးတစ်ကောင်လို ကြောက်ရွံနေတဲ့ရှောင်ကျန့်လေးကိုကြည့်ပြီး အသဲတစ်ယားယားနဲ့ သူ့ဆီကနေထွက်ပြေးလို့ ဆူဖို့ကိုတောင်လင်းမင်းမေ့သွားလေတယ်...အခုရှောင်ကျန့်ရဲ့ပုံလေးဟာ သူ့ကိုစားဖို့ချောင်းနေတဲ့ မြေခွေးတစ်ကောင်ရဲ့ ရှေ့မှာကြောက်ရွံတုန်လှုပ်နေတဲ့ ယုန်ဖြူလေးတစ်ကောင်လို ဖြစ်နေလေတယ်...

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now