Arc-3.7

4.9K 501 30
                                    

( အပေါ်ကပုံသည် ယန်ပုံဖြစ်ပါတယ်)

တစ်ပတ်ဆိုတဲ့အချိန်ဟာလည်း လျင်မြန်စွာကုန်ဆုံးခဲ့တယ်...ထိုတစ်ပတ်အတော်အတွင်း လန်ကျန့်နဲ့ရှောက်ဂျန်တုံ တို့ဟာ ရှောင်ကျန့်ပေါ်မှာထားရှိတဲ့ အချစ်တွေပိုပြီးတိုးလာခဲ့တယ်...ရှောင်ကျန့်ရဲ့အလိုတော်တိုင်း အရာအားလုံးဖြည့်ဆည်းပေးကြတယ်...

ရှောင်ကျန့်ကတော့ ဒီတစ်ပတ်အတော်အတွင်း စားလိုက်၊ အိပ်လိုက်၊ ဂိမ်းဆော့လိုက်၊ ကလိုက်နဲ့သာ အချိန်ကုန်ဆုံးခဲ့တယ်..တကယ်တော့ ရှောင်ကျန့်အရွယ်ဟာကျောင်းသွားတက်ရမှာဆိုပေမဲ့လည်း ရှောက်ဂျန်တုံနဲ့လန်ကျန့်တို့ဟာ ခြေထောက်ဒဏ်ရာပိုပြီး သက်သာလာမှသွားတက်ခိုင်းတာကြောင့် တစ်ပတ်နားခဲ့တယ်...

ဒီတစ်ပတ်အတော်အတွင်းလည်း ဘယ်သူ့မှမသိအောင် ရှောင်ကျန့်နဲ့ရိပေါ် အမြဲတမ်းဖုန်းခေါ်ဖြစ်ခဲ့ကြတယ်..ဒီကမ်ဘာမှာ လိင်တူချစ်ကြိုက်တာကို မုန်းတာကြောင့် ရှောင်ကျန့်ရယ် ရိပေါ်ရယ်ဟာ ဖုံးကွယ်ထားတာဖြစ်တယ်...ရိပေါ်ကတော့ပေါ်တင်တွဲပြီး ရှောင်ကျန့်ကသူ့အပိုင်ဆိုတာ ကြေညာချင်ပေမဲ့လည်း ရှောင်ကျန့်ကငြင်းခဲ့တာကြောင့် ငြိမ်နေရတော့တယ်...

ရှောင်ကျန့်အိမ်ထဲကနေအိမ်ပြင်မထွက်ရပေမဲ့လည်း သူမပျင်းအောင် လန်ကျန့်လာလိုက်၊ ရှောက်ဂျန်တုံလာလိုက်နဲ့ သူ့ကိုအဖော်ပြုပေးတယ်...အခုလည်းရှောင်ကျန့်သူ့အခန်းလေးထဲမှာ အကကရင်းအချိန်ကုန်ဆုံးနေ​တော့တယ်...

1 2 3 , 1 2 3 , 1 2 3, 1 2 3,...........

' တော်တော်...ရပ်လိုက်တော့ host ခေါင်းမူးတယ်...'

' မူးရင်မကြည့်နဲ့ကွာ......'

' ကျွန်တော်လည်းကြည့်ချင်တယ်လို့ထင်နေတာလား...host ရပ်လိုက်တော့ mission အကြောင်းတွေးလေ...'

' ဘယ်ကနေဘယ်လိုတွေးရမှာလည်း...'

' ပုကျိတောက်...'

'..................'
ရှောင်ကျန့်လည်းအကကတာ မော်လာတာကြောင့် ရပ်လိုက်ပြီး ကြမ်းပြင်ပေါ်ကိုလှဲချကာ...

' ဘာလိုလိုနဲ့ တစ်ပတ်တောင်ရှိပြီပဲ...ဒါနဲ့ဖားလေး ဦးလုံကျိုးက မပြန်လာသေးဘူးလား...ငါ့ဆီကိုလည်းဖုန်းမဆက်ဘူး...'

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now