Arc-6.8

2.5K 350 14
                                    


စရီးယား ရိုင်းနော့အိမ်ကနေပြန်သွားပြီးနောက်ပြီး..ရိုင်းနော့ဆီကိုပန်းများစွာပို့ခဲ့တယ်..ဒါအပြင်ရိုင်းနော့ကြိုက်စေနိုင်တဲ့ ပစ္စည်းများကိုလည်းပို့ခဲ့တယ်.. ကေလွန်နဲ့သူ့အဖေကတော့အမြဲတမ်း ထိုပစ္စည်းများရောက်လာတဲ့အခါတိုင်း ရိုင်းနော့ကိုကြည့်လိုက်နဲ့ပေါ့..ထိုပစ္စည်းတွေကိုဘယ်သူပို့မှန်း ထိုသားအဖနှစ်ယောက်ကတော့မသိ။ သိနေသော်ရိုင်းနော့ကတော့စရီးယားကိုစိတ်ထဲကနေကြိမ်ဆဲနေမိတယ်..

အခုတော့ ဥယျာဉ်လေးထဲမှာ သူရယ် ကေလွန်ရယ် သခင်ကြီးဆိုတဲ့လူရော သုံး​ယောက်သား လက်ဖက်ရည်သောက်နေကြတယ်..ရိုင်းနော့ကသက်တော်စောင့်တစ်ဦးဆိုပေမဲ့လည်း သခင်ကြီးဆိုတဲ့တစ်ယောက်ကသားအရင်လို ခင်တွယ်တာကြောင့် အမြဲတမ်းသူတို့နဲ့စားသောက်ပိုင်ခွင့်ရှိတယ်...

အခုတော့ရိုင်းနော့တစ်ယောက် သူတို့နှစ်ယောက်ကို ဘယ်ကနေစပြီးစကားစပြောရမလဲမသိဖြစ်နေလေတယ်..ထိုအချိန်ကေလွန်ကစပြီး..

" ရိုင်းနော့ နင်ဘာမှတွေးပူမနေနဲ့ငါတို့ကိုသာ ပွင့်ပွင့်လင်းလင်းပြော ငါတို့နားထောင်ပေးမယ်.."

" ဟုတ်တယ်...ရိုင်းနော့ ဒီကိစ္စတွေကိုအရင်ပြောသင့်တယ်.."
ဆိုပြီး သခင်ကြီးဆိုတဲ့တစ်ယောက်ဟာ ထက်ပြောလိုက်တယ်..ထိုအခါ ရိုင်းနော့ဟာ..

" ကျွန်တော်ပြောပြပါမယ် အခုတလောကျွန်တော်ကိုပစ္စည်းပို့နေတဲ့သူက အိမ်ရှေ့စံမင်းသားရဲ့အကြံပေးစရီးယားပါ.."

"......"

" နောက်ပြီးဟိုတစ်လောတုန်းက ကျွန်တော်ကိုခေါ်သွားတာလည်းသူပဲ၊ ကျွန်တော်ကိုငယ်ငယ်တုန်းက ကယ်ခဲ့တဲ့သူကလည်းသူပဲ၊ ပြီးတော့သူကျွန်တော်ကိုချစ်နေတာ..ကျွန်တော်လည်းသူ့အပေါ်ခံစားချက်ရှိနေပြီ.."

"......"

" ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်ကြောင့်သခင်ကြီးနဲ့သခင်မလေးတို့ အရှက်ရစေတဲ့အတွက် .."

သုံးမိနစ်လောက်ငြိမ်သက်သွားခဲ့တယ်..နောက်တော့ ကေလွန်တစ်ယောက်ထအော်ပါလေရော...

" အားးးးးးး....."
ကေလွန်ကြောင့် ကျန်တဲ့နှစ်ယောက်ထိတ်လန့်သွားကြတယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now