အမှန်တရားများ(အမွန္တရားမ်ား)

2.8K 324 21
                                    

" ဝမ်ရိပေါ် မင်းတကယ်ပဲအဲ့လိုလုပ်တော့မှာလား.."

" အင်း..."

"အခန့်မသင့်ရင်မင်းပျောက်ကွယ်သွားနိုင်တယ်နော်.."

" အင်း.."

" ဟူး..ကောင်းပြီလေငါမတားတော့ဘူး စကြတာပေါ့..."

ပြောနေကြသော်သူနှစ်ဦးဟာ နတ်ဘုံ၌အင်အားကြီးသော် နတ်တွေထဲကနတ်နှစ်ပါးဖြစ်သည်။ စကားများနေသော်နတ်ဟာ ညနတ်သားရန်ဟုန်ဖြစ်ပြီး " အင်း " တစ်လုံးထဲကသာပြောနေသော် နတ်ကတော့နတ်ဘုရားဝမ်ရိပေါ်သာဖြစ်သည်။

နတ်ဘုရားဝမ်ရိပေါ်ကို နတ်သားနတ်ဘုရားတွေသာမက နတ်ဆိုးများ၊ မိစ္ဆာများ ၊ သရဲများစွာကလည်းကြောက်ကြ၏။ ဘာကြောင့်လည်းဆိုတော့သူ့ရဲ့အေးစက်လှတဲ့ မျက်နှာကြောင့်ဖြစ်သည်။ ဒါ့အပြင်အနီရောင်မျက်ဝန်းပြောင်းသွားပြီး ပြုံးပြရင်ပိုပြီးတော့ကြောက်ကြတယ်..

တခြားနတ်တွေက ထိုညနတ်ဘုရားဟာရုပ်ပြောင်းရုပ်လွှဲကို အမြဲတမ်းလုပ်တဲ့အပြင် မျက်လုံးအရောင်ကိုလည်းအမြဲတမ်းပြောင်းတယ်လို့သာထင်ကြသည်။ တကယ်တော့ထိုညနတ်ဘုရားဝမ်ရိပေါ်မှာတခြားသူတွေ မသိတဲ့လျို့ဝှက်ချက်များရှိသည်။ ထိုလျို့ဝှက်ချက်ဟာ ထိုညနတ်ဘုရားဝမ်ရိပေါ်ကိုယ်ထဲ၌ နတ်ဆိုးတစ်ကောင်ရှိလေသည်။

ညနတ်ဘုရားအဖြင့်ဖြစ်တည်လာထဲက ထိုနတ်ဆိုးပါကပ်တွယ်လာတာဖြစ်တယ်..အရင်ထဲကသူ့ကိုယ်ထဲ၌ရှိသော် နတ်ဆိုးကိုဖယ်ရှားဖို့လုပ်ပေးမဲ့ သူမအောင်မြင်ခဲ့။ ဒါ့အပြင်အဲ့နတ်ဆိုးဟာတခြားသူတွေကို ထိခိုက်အောင်မလုပ်တဲ့အပြင် သူ့ကိုလည်းထိခိုက်အောင်မလုပ်တာကြောင့် သူဖယ်ရှားဖို့မလုပ်ခဲ့။

နာမည်လေးတောင်သူပေးခဲ့လိုက်သေးတယ်..ဝမ်ရိဆိုပြီးတော့ပေါ့။ သူငယ်ချင်းလို့တောင်ဖြစ်လာခဲ့တယ်..ညနတ်ဘုရားမှာဝမ်ရိအပြင်နောက်ထက်သူငယ်ချင်းနတ်တစ်ပါးလည်းရှိသေး။ ထိုနတ်ဟာညနတ်သားရန်ဟုန်တာဖြစ်သည်။ သူတို့နှစ်ဦးရဲ့ဖြစ်တည်လာမူ့ဟာနေ့အတူတူဖြစ်တာကြောင့် ညနတ်သားရန်ဟုန်ဟာ ညနတ်ဘုရားဝမ်ရိပေါ် ​ရဲ့တည်တန့်လှတဲ့ ရုပ်ကိုကြည့်တာနဲ့အကုန်သိသည်။

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now