Arc-6.4

2.7K 370 15
                                    


တစ်ဖြေးဖြေးနဲ့အချိန်တွေဟာကုန်ဆုံးလာခဲ့တယ်..ရိုင်းနော့နားရက်၂လဟာလည်း ကုန်ဆုံးသွားလေသည်။ ရိုင်းနော့ဟာ ဇာတ်လိုက်မအိမ်တော်၌ အမြဲတမ်းဝတ်ဆင်ထားသော် အီကျီကိုဝတ်ဆင်ထားလေသည်။ ဒါ့အပြင်တကယ့်ရိုင်းနော့ရဲ့ တည်ကြည်လေးနဲ့တဲ့အကြည့်တွေကိုလည်း ပြင်ဆင်ထားလိုက်တယ်..

သူ့ရဲ့ပစ္စည်းများကိုယူပြီးတာနဲ့ သူငှားထားသော်အိမ်လေးကို ပိုင်ရှင်ထံပြန်ပေးလိုက်တယ်..သူနဲ့ရင်းနှီးနေကြတဲ့လူတွေဟာရိုင်းနော့ကိုကြည့်ပြီး စွံအနေကြတော့တယ်..အခုရိုင်းနော့ရဲ့ပုံစံဟာ မျိုးရိုးမြင့်သော်သူရဲ့အလေးပေးခံရတဲ့သက်တော်စောင့်တစ်ဦးလိုမျိုးဖြစ်နေလေသည်။ အရှိန်အဝါကလည်း တစ်ဖက်လူကိုကြောက်ရွံ့မူ့များပေးလေသည်။

ရိုင်းနော့ဟာသူနဲ့ခင်မင်ရင်းနှီးသော်သူများကို နှုတ်ဆက်ပြီးဇာတ်လိုက်မရဲ့အိမ်တော်ကို သွားလေသည်။ ခဏအကြာ အိမ်တော်ရဲ့ဝင်ပေါက်ကိုရောက်ရော သူမမျှော်လင့်ထားတဲ့သူတွေကိုတွေ့လိုက်ရတယ်..ထိုလူတွေကတော့ တခြားသူမဟုတ်ဇာတ်လိုက်မနဲ့သူမရဲ့အဖေတို့ဖြစ်တယ်..ဒါ့အပြင်ဘေးနား၌အိမ်တော်ထိန်းတွေရော အစေခံများစွာရှိလေသည်။ သူတို့ရဲ့မျက်နှာ၌ရိုင်းနော့ကို သနားတဲ့အကြည့်တွေနဲ့ကြည့်နေကြသည်။

ရိုင်းနော့ -......
အယ်..ငါဘာမှမလုပ်ထားပါဘူး ဘာလို့အဲ့လိုကြည့်နေကြတာလည်း..

ရိုင်းနော့သူ့ရဲ့အတွေးတွေကိုရှင်းထုတ်လိုက်ပြီး ဇာတ်လိုက်မတို့ဆီကိုလျောက်သွားလေသည်။ ထိုအခါဇာတ်လိုက်မကေလွန်ဟာ ရိုင်းနော့ဆီကိုပြေးသွားကာဖက်လိုက်လေသည်။ ရိုင်းနော့တစ်ယောက်ကြောက်အသွားပြီး ဘာလုပ်လို့ဘာကိုင်ရမလဲမသိဖြစ်နေလေသည်။ ကေလွန်ကတော့ ရိုင်းနော့ကိုဖက်ပြီးငိုကြွေးနေလေသည်။

ကေလွန်ရဲ့အဖေကတော့ သူ့သမီးကိုကြည့်ပြီးခေါင်းသာခါနေတော့တယ်..ခဏအကြာ၌ ကေလွန်ကို..

" သမီး ရိုင်းနော့ကအခုမှအပြင်ကပြန်လာတာလေ သူပင်ပန်းနေလောက်ရောပေါ့ သူ့ကိုနားခိုင်းလိုက်အုန်း.."
အဲ့အခါကျမှ ကေလွန်ဟာသူဖတ်နေရာကနေ ပြန်ခွာလိုက်လေသည်။ သူမလုပ်လိုက်တာကိုသတိပြုမိလိုက်တာကြောင့် ရှက်သွားလေသည်။ နောက်တော့စကားထစ်ထစ်ဖြင့်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now