Arc-4.3🐰

5K 540 32
                                    

( အပေါ်ကပုံကကောင်းကင်နတ်သားပုံပါ)

ထက်ပြီးတော့ဒီနေရာပဲလား...ဝါး....လှလိုက်တာဘယ်လောက်ကြည့်ကြည့်မရိုးဘူး...

ရှောင်ကျန့်ဟာသူရောက်နေတဲ့နေရာလေးကို တအံ့တသြနဲ့သာကြည့်နေတော့တယ်..သူအခုရောက်နေတဲ့နေရာဟာ ကြယ်ရောင်စုံတွေထွန်းလင်းနေတဲ့အပြင်ကို လှပလှတဲ့အပြာရောင်ပန်းလေးတွေ နေရာတိုင်းမှာပေါက်ရောက်နေသည်။

အပေါ်ကိုမော့ကြည့်ရင် ရောင်စုံထွန်းလင်းနေတဲ့ကြယ်တွေကို တွေ့ရမှာဖြစ်ပြီး ဘေးပတ်လည်ကိုလှည့်ကြည့်လိုက်ရင် အပြာရောင်ပန်းလေးတွေကို မြင်တွေ့ရမှာဖြစ်တယ်...ရှောင်ကျန့်ဒီနေရာကိုရောက်လာတာ ဒါနဲ့ဆိုရင်နှစ်ခါရှိပြီဖြစ်သည်။ system နယ်မြေမှာအနားယူတုန်းက ဒီနေရာကိုရောက်လာခဲ့ဖူးလေသည်။

ရှောင်ကျန့်ပန်းအလှတွေနဲ့ကြယ်ရောင်စုံလေးကို ခဏသာသာကြည့်ပြီး တစ်စုံတစ်ယောက်ကိုလိုက်ရှာနေတော့တယ်...သူ့ရဲ့မျက်ဝန်းတွေဟာ ဂနာမငြိမ်ဖြစ်နေပြီးပါးစပ်ကလည်းပွစိပွစိနဲ့သာပြောနေတော့တယ်...

ဟိုလူကြီးရောဒီတစ်ခါမလာတော့ဘူးလား...အရင်ကငါရောက်ပြီးခဏအကြာရောက်လာပါတယ် အခုဘာကြောင့်မရောက်သေးတာလည်း...ခဏလေးငါအခုရိပေါ်အပြင်ငါတစ်ခြားတစ်ယောက်ကို မျှော်နေတာလား..ငါ..ငါအရှက်မရှိတဲ့ကောင်ပါလား...

ရှောင်ကျန့်တစ်ယောက်ခေါင်းခါလိုက် ခေါင်းငြိမ်လိုက်နဲ့ တစ်ယောက်ထဲကိုရှုပ်ရှက်ခက်နေတော့တယ်...ခဏအကြာရှောင်ကျန့်ရောက်နေတဲ့ နေရာကိုလူတစ်ယောက်ရောက်လာခဲ့တယ်...ရှောင်ကျန့်ရောက်လာတဲ့သူကိုလည်းမြင်ရော လွမ်းဆွေးနေတဲ့မျက်ဝန်းများဖြင့်နဲ့သာစိုက်ကြည့်နေတော့တယ်...

ရောက်လာတဲ့သူဟာရှောင်ကျန့်ကိုမမြင်ရပေ။ ထိုသူကတော့ရှောင်ကျန့်ဘေးနားလေးမှာ မတ်တပ်လေးရပ်ရင်းကောင်းကင်ပေါ်က ကြယ်ရောင်စုံလေးကိုကြည့်ရှု့နေတော့တယ်...ရှောင်ကျန့်ကတော့သူ့ဘေးနားကိုရောက်ရှိလာတဲ့ သူကိုစိုက်ကြည့်နေရင်း မျက်ရည်များကျဆင်းလာခဲ့တယ်..

သူကိုယ်တိုင်ဘာကြောင့်ငိုမိလည်းသူမသိ။ 
သူ့ရဲ့ရင်ထဲမှာလည်းနောင်တတရားတွေ ပြည့်နှံနေခဲ့တယ်...ထိုသူကိုမြင်တိုင်းတင်ကျပ်နေတဲ့ရင်ဘက်ကြောင့် အသက်ရူရခက်ခဲ့ရတယ်..ထိုသူကိုမြင်တိုင်းငိုခဲ့ရတဲ့မျက်လုံးကြောင့် မျက်လုံးနာနေခဲ့တယ်...ထိုသူကိုမြင်တိုင်းဖက်တွယ်ထားချင်တဲ့ လက်တွေကြောင့်နေရထိုင်ရခက်ခဲ့ရတယ်...ထိုသူကိုမြင်တိုင်းထိကိုင်ချင်တဲ့စိတ်တွေကို အမြဲဖိနှိပ်ထားခဲ့ရတယ်....

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now