Arc-4.8🐰

4.4K 511 21
                                    

( အပေါ်ပုံက ကောင်းကင်နတ်ဘုရားပုံလေးပါ)

လက်ရှိ....

ကိုဒေါင်းဆိုတဲ့တစ်ယောက်ကလည်း ရှောင်ကျန့်ရဲ့ကျန်းမာရေးကို စစ်ဆေးပြီးတာနဲ့ ထိုနေရာကနေထွက်သွားတော့တယ်...ကျန်ခဲ့တဲ့ ရှောင်ကျန့်ကတော့ ဝါးအိမ်လေးထဲကိုဝင်သွားကာ သစ်သားကုတင်ပေါ်ကိုတက်သွားပြီးခြေပြစ်လက်ပြစ်ချကာနေနေ ​တော့တယ်....

နောက်တော့သူ့ရဲ့ဘေးနားမှာ ထိုင်နေတဲ့ဖားလေးကိုကြည့်ပြီး...

' ဖားလေးငါအဆင်ပြေပြီ မင်းအရင်ကမပြောဖြစ်ခဲ့တာကိုပြောပြတော့....'

' ကျွန်တော်ဘာပြောရမှာလည်း....'

' ချစ်တယ်လို့ပြောလေ.....'

' ဒီဖေ...နောက်ထက်အဆဲသံလေးတွေကြားချင်နေတယ်နဲ့တူတယ်..ဆဲပြစ်လိုက်ရ... host ပြောချင်တာကိုရှင်းရှင်းပြောပါလား....'

' ဖားလေးကလည်းမင်းပျင်းမှာစိုးလို့ စနေတာကိုတကယ်ပါပဲ...ကဲ လွန်ခဲ့တဲ့တစ်ပတ်လောက်ထဲက ငါmission ကိုမထမ်းဆောင်ရသေးဘူး..မင်းအရင်ကပြောပြမဲ့ဇာတ်ကြောင်းတွေကိုလည်း ငါမသိသေးဘူးလေ အဲ့တော့အကုန်လုံးအကုန်လုံးပြောပြတော့.....'

' ok host ကျွန်တော်ပြောပြမယ်...အဟွတ်အဟမ့် အဟင့်....'

' အဟွတ်အဟွတ်ချောင်းတွေဆိုး အဟင်အဟင့်အသံလေးဝင် မှန်ချိုဆေးကိုသောက်ပါနော်....'

'.......................'

' ဖားလေးအသက်ရှိသေးရဲ့လား..... '

' host အရင်က ကျွန်တော်host ကိုသနားခဲ့တာတွေကို ပြန်ရုတ်သိမ်းတယ်သိလား....အခုhostရဲ့ပုံစံကြောင့်လေ ကျွန်တော်hostကိုသနားတဲ့စိတ်တွေ ဘယ်ဆီရောက်သွားမှန်းကိုမသိဘူး..'

' မင်းကလည်း ငါမင်းပျင်းနေမှာဆိုလို့ စလိုက်တာပါကွ..ကဲကဲ မင်းပြောချင်တာကိုဆက်လို့ရပြီ....'

' host ကိုကျွန်တော်ပြစရာရှိတယ်...'

' အေးပြ....'

' ရော့.....'
ဆိုပြီး ဖားလေးသူ့ရဲ့လက်ခလယ်ကို ထုတ်ကာပြလိုက်တော့တယ်..

'................'

' ကဲရပြီ ကျွန်တော်ပြချင်တာလည်းပြပြီးပြီ ဆိုတော့ ခုနကကိစ္စဆက်မယ်...'
ဒီလိုနဲ့ ရှောင်ကျန့်ဟာတော့ ဖားလေးပြောပြတာတွေကိုနားထောင်နေတော့တယ်....

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now