အပိုင်း - ၇၉

7.6K 1.5K 123
                                    

{Zawgyi}

•ဒါပေမယ့် ကျွန်မလည်း ချစ်ချင်တာပဲကို!•

"တို့လုပ်ပေးမယ် ရတယ်မှတ်လား?" သူမတက်တက်ကြွကြွပြောလိုက်တယ်။

အမှုမဲ့အမှတ်မဲ့ သူမက မရီးဆိုတဲ့အတိုင်း လုပ်ဆောင်ပေးနေမိတယ်။ ဧည့်သည်ကို ဘယ်လိုလုပ်ပြီး အိမ်မှုကိစ္စတွေ လုပ်ခိုင်းရမှာလဲ?

ကျီလျောင်ကတော့ သူမကသာ ဧည့်သည်ဖြစ်နေတာကိုဆိုတဲ့ ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်ပြီးအမြန်ပြောလိုက်တယ် "မလိုပါဘူး၊ ကျွန်တော်လုပ်လိုက်ပါ့မယ်" ပြောပြီးပြီးချင်း အနည်းငယ်ရှက်သွားပြီး ဟင်းပွဲတွေသယ်ကာ မီးဖိုချောင်ဘက်လှည့်ထွက်သွားတယ်။

ကျန်းချီက ကျစ်လျစ်ပြီးရှည်သွယ်သွယ်ပုံရိပ်လေးကိုကြည့်ပြီး သူမနှလုံးသားတွေ အရိုင်းဆန်လာတယ်။ နို့နှစ်ရောင်ခွေးပေါက်လေးက ဟင်းလည်းချက်တတ်တယ် ဟော..ပြီးတော့ ပန်းကန်တွေဆေးဖို့ကြောဖို့ကိုလည်း တာဝန်ယူပေးသေးတယ်။ လုံးဝကို သူမရဲ့အကြိုက်လေး! ကျီလျောင့်ပုံရိပ်လေးပျောက်သွားတော့မှ အကြည့်တွေ ပြန်သိမ်းလိုက်တယ်။ ဟဲ့ချန်းမင်းနဲ့ အတူထိုင်နေရင်း တစ်ယောက်နဲ့တစ်ယောက် အံ့ဩတုန်လှုပ်စွာကြည့်နေကြတယ်။

ကျန်းချီက သူမရဲ့ဆံပင်တွေကို 'အကြောက်အလန့်မရှိတဲ့အစ်မကြီးကွ'ဆိုတဲ့အထာမျိုးနဲ့ ခါလိုက်တယ်။

ဟဲ့ချန်းမင်ကတော့ သူမကိုကြည့်ပြီး သရော်မိတယ် "ဒီလိုမျိုးလုပ်တာက မသင့်လျော်ဘူးမဟုတ်လား တာ့ဆောင်?" [T/N : တာ့ဆောင် - မရီး]

သူမ ဖောက်ပြန်ချင်နေတယ်ဆိုလည်း ပြန်ပေါ့။ ဘယ့်နှယ့် သူမရဲ့တိရှီကိုမှလဲ? သူက အင်မတန်သဝန်တိုတတ်သူဖြစ်ပြီး ကျီလျောင့်ကိုတခြားသူတွေ ဆွဲထုတ်သွားမှာမျိုး မလိုချင်ဘူး! [T/N : တိရှီ - ယောကျာ်းရဲ့ ညီဖြစ်သူ၏မိန်းမ]

အောက်ထပ်ကိုခုလေးတင်ရောက်လာတဲ့ ဟဲ့မုရှန်းကဖုန်းလှမ်းခေါ်တာကြောင့် သူ့ဖုန်းက အသံမြည်လာတယ်။ ခေါ်ဆိုသူကို ကြည့်ပြီးမှ ဖုန်းကိုကောက်ကိုင်လိုက်တယ်။ သူမပြောနိုင်သေးခင်မှာ ကျန်းချီလေသံက ထွက်ပေါ်လာတယ် "ဘာဖြစ်လို့လဲ? ဘယ်လိုနေနေ တို့က မင်းအစ်ကိုကြီးနဲ့ မကြာခင်ကွာရှင်းတော့မှာ... အဲ့လိုသာလုပ်ပြီးရင်တော့ ဘယ်သူ့ကိုမဆို လိုက်လို့ရပြီ"

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now