အပိုင်း - ၅၁

11K 2K 66
                                    

{Zawgyi}

•သူမိန်းကလေးတွေကို ရိုက်လိမ့်မယ်လို့တော့ ငါမထင်ဘူး•

နောက်တစ်နေ့ သူ့ရဲ့ရပ်ကွက်ထဲက ထွက်လာချိန်မှာ အရပ်ရှည်ရှည် ကျစ်ကျစ်လျစ်လျစ်ရှိတဲ့လူငယ်လေးတစ်ယောက်က ကားမှတ်တိုင်ဆိုင်းဘုတ်ကို မှီပြီးစောင့်နေတာကိုတွေ့လိုက်ရတယ်။

ကောင်လေးရဲ့ရှည်လျားလှတဲ့ခြေထောက်တွေက ဖြောင့်စင်းနေပြီး အနက်ရောင်ဂျင်းဘောင်းဘီနဲ့ သံချေးနီရောင်လိုကတ္တီပါသားကုတ်အကျီကို ဝတ်ဆင်ထားကာ လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲတိုးထည့်ထားရင်း ချောမောလှတဲ့ခပ်တည်တည်ရုပ်ကြီးနဲ့ဆိုတော့ အေးတိအေးစက်လိုမျိုးကြီးဖြစ်နေတယ်။

ကျီလျောင့်မျက်လုံးတွေတောက်ပသွားပြီး အဲ့နေရာကိုအပြေးလေးသွားလိုက်ရင်း ဒီနေ့တစ်ဖက်ကောင်လေးက အရပ်လည်းရှည်၊ ချောလည်းချောမောနေပြီး ကြော့မော့နေသလိုခံစားရတယ်။

သူရောက်လာတာကို ဟဲ့ချန်းမင်မြင်လိုက်တော့ သူ့မျက်နှာအမူအယာမှာ ချက်ချင်းဆိုသလို အပြုံးတစ်ပွင့်ပေါ်ထွက်လာပြီး ကောင်လေးကိုင်လို့ရအောင် လက်တစ်ဖက်အလိုလိုဆန့်ထုတ်ပေးလိုက်တယ်။

ကောင်လေးကတောက်လျှောက် သူ့ကိုပဲခိုးခိုးကြည့်နေတာမြင်တော့ မျက်လုံးကိုစိုက်ချကာ မေးလိုက်တယ် “မင်းဘာတွေကြည့်နေတာလဲ?”

ကျီလျောင် အမှန်တိုင်းပြန်ဖြေလိုက်တယ် “မင်းရဲ့ချောမောမှုတွေကို ကြည့်နေတာပေါ့”

ဟဲ့ချန်းမင်တောင် မျက်ခုံးတွေပင့်သွားတယ်။ သူ့ရဲ့ကောင်လေးက ယန်ကောင်းအသေးစားလေးဖြစ်နေမယ်လို့ မထင်ထားခဲ့မိပေမယ့် ကောင်လေးရဲ့နှစ်လိုဖွယ်ငေးမောကြည့်နေတာကို ပြောင်ပြောင်တင်းတင်းခံယူလိုက်တယ်။ [T/N : ယန်ကောင်း mean ကိုယ်တိုင်က သာမန်ပုံစံပဲဆိုပေမယ့် ကြည့်ကောင်းတဲ့သူတွေဆို အရမ်းသဘောကျတာမျိုးပါ]

နှစ်ယောက်သား ဘတ်စ်ကားပေါ်အတူတက်သွားကြတယ်။ ကျီလျောင် မနေ့ညတုန်းက အိပ်ရေး၀၀မအိပ်လိုက်ရတာကြောင့် ဟဲ့ချန်းမင်ကို ရောက်ပြီဆိုရင် နှိုးပါလို့ပြောပြီး ပြတင်းပေါက်ကိုမှီကာ နှပ်လိုက်တော့တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now