အပိုင်း - ၄၈

11.2K 2K 27
                                    

{Zawgyi}

•အားလုံးကို ဖွင့်ပြောထုတ်လိုက်ပြီ•

သော့လှည့်ဖွင့်ပြီး ကျီလျောင်အထဲကိုဝင်ကာ တစ်အိမ်လုံးလင်းသွားအောင် မီးတွေဖွင့်လိုက်တယ်။

ဟဲ့ချန်းမင်ကိုကျတော့ ဆိုဖာပေါ်မှာထိုင်နေဖို့ပြောပြီး ကျီလျောင်လက်တွေနွေးသွားအောင်လို့ ရေပူပူလေးတစ်ခွက်ထည့်လိုက်တယ်။

“ခဏလေးစောင့်” သူ့အခန်းထဲပြေးသွားပြီး ပြင်ဆင်ထားတဲ့လက်ဆောင်ကို ထုတ်လာလိုက်တယ်။ တော်တော်လေးကြီးတယ်။

“မင်းအတွက်” ကျီလျောင် ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းလေးငုံ့ထားတယ်။

ဟဲ့ချန်းမင်ဖွင့်ကြည့်လိုက်တော့ နက်ပြာရောင်ဦးထုတ်လေးတစ်လုံး၊ အပြာနဲ့အဖြူကြား လည်စည်းလေးအပြင် ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုတည်းကပဲ လက်အိတ်နဲ့ ခြေအိတ်လေးတွေတောင် ပါလိုက်သေးတယ်။

သူအအေးမိမှာစိုးလို့ ဒီလိုနွေးထွေးတဲ့အရာလေးတွေ လေးခုကိုအစုံလိုက်ဝယ်ပေးတာလား?

ဟဲ့ချန်းမင် ပြောစရာစကားမရှိဖြစ်သွားတယ်။ ကျီလျောင်သူ့ကို ပိုပြီးကောင်းကောင်းမွန်မွန်ဆက်ဆံလေ သူ့ရင်ထဲမှာပိုပြီးအပြစ်ကြီးသလိုခံစားရလေဖြစ်နေတယ်။

“မင်းမကြိုက်လို့လား?” သူတိတ်နေတော့ ကျီလျောင်နည်းနည်းတောင်အားပျက်သွားတယ်။

ဟဲ့ချန်းမင်က မတ်တပ်ရပ်ကာ ကောင်လေးကိုဖက်လိုက်ပြီး တုန်တုန်ရီရီအသံလေးနဲ့ ပြောလာတယ်။ “ဘယ်လိုလုပ် မကြိုက်ဘဲနေမလဲ? ကိုယ်ကဒီတိုင်း စိတ်လှုပ်ရှားသွားတာပါကွာ” အဲ့နောက် တိုးတိုးလေးပြောလာတယ် “ကိုယ်မင်းအတွက် လက်ဆောင်တောင်မပြင်ခဲ့ရဘူး”

ကျီလျောင်က သူ့ခါးကိုပြန်ဖက်ကာ ပြုံးပြုံးလေးပြောလိုက်တယ် “မင်းငါ့ကို ဆွယ်တာလေးတစ်ခု ပေးပြီးသွားပြီမဟုတ်ဘူးလား? အဲ့တာကို နှစ်သစ်ကူးလက်ဆောင်လို့ သဘောထားလိုက်တယ်”

ဟဲ့ချန်းမင်ကောင်လေးကို သူ့လက်မောင်းထဲမှာ တင်းတင်းကျပ်ကျပ်ဖက်ထားပြီး သူ့မျက်လုံးတွေလည်း စိုစွတ်နေတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now