အပိုင်း - ၃၈

14.6K 2.5K 52
                                    

{Zawgyi}

•သူလည်း ရည်းစားထားမယ်•

ဒီဇင်ဘာလလေးက ချိုမြိန်စွာကုန်ဆုံးပြီးနောက် ဇန်နဝါရီလသို့ရောက်ရှိလာတယ်။ စာမေးပွဲတွေကြောင့် ခေါင်းမွှေးပြောင်ရမယ့်အချိန်ပေါ့။

စာသင်နှစ်ကုန်ချိန်မို့လို့ ကျီလျောင့်မှာ နိုင်ငံရေးဗေဒနဲ့ သမိုင်းစာတွေမှတ်သားစရာတွေ စုပြုံလို့နေတယ်။ အဲ့အပြင် သူ့အတွက်အခက်ခဲဆုံးရင်ဆိုင်ရမယ့် ဘာသာကတော့ သချာင်္ကြီးပဲ။ အဲ့တာကြောင့် ဟဲ့ချန်းမင်ဆီကနေ သီးသန့်သင်ကြားပေးဖို့ကိုပါ အချိန်ဇယားထဲထပ်ထည့်ရတော့တယ်။

စာကြည့်တိုက်ဆိုတာ သူတို့နှစ်ယောက်အတွက် ချိန်းတွေ့ရာ၊ စကားစမြည်ပြောရာနဲ့ အိမ်စာလုပ်ရာနေရာကြီးဖြစ်လာတယ်။

အမြဲတမ်း ဟဲ့ချန်းမင်က ခေါင်းပေါ်ရုံလောက်ပဲထားပြီး နွေးနွေးထွေးထွေးဝတ်ဆင်တယ်။ သူ့ရဲ့ပေါင်မှာတောင် အနွေးအိတ်လေးရှိတာကြောင့် ကျီလျောာင့်ဘေးနားထိုင်နေရင်း အဖိုးကြီးတစ်ယောက်လိုမျိုး လက်ကိုနွေးအောင်လုပ်နေလို့ရတယ်။

ကျီလျောင့်ကို သူတစ်ခုခုရှင်းပြဖို့ လိုတယ်ဆိုမှသာ ပါးစပ်ဟတယ်။ မရှိခဲ့ရင်တော့ ကောင်လေးရဲ့အကျီတွေကိုဆော့လိုက် ခါးကိုထိလိုက်နဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချနေတတ်တယ်။ အရမ်းမလွန်သရွေ့ ကျီလျောင်ကသူ့ကို ဒီတိုင်းခွင့်ပြုပေးတယ်။

တခါတလေ ဟဲ့ချန်းမင်လည်း သချာင်္ပုစ္ဆာတွေတွက်နေလေ့ရှိတယ်။ သူမရှိတုန်း ကျီလျောင်သူ့စာရွက်ကို ခိုးကြည့်ဖြစ်သေးတယ်။ ဒါပေမယ့် ပုစ္ဆာတွေကို နားမလည်နိုင်ပေမယ့် တြိဂိုနော်မေတြီနဲ့ ဂျီသြမေတြီပုစ္ဆာတွေက ကောင်းတာတော့ကောင်းပါတယ်လို့ ခံစားမိတယ်။

သို့သော် လင်ကျန်းတစ်ယောက်ကတော့ မူးမေ့လဲကျလုနီးနီး ရုန်းကန်နေရတယ်။

သူ့ရဲ့မင်ကောနဲ့ ကျီလျောင်တို့ တွဲကတည်းက သူ့ရဲ့နောက်လိုက်ခံစားခွင့်လေး ဆုံးရှုံးခဲ့ရတယ်။ မင်ကောက ဘာပြဿနာမှမရှိရင် သူ့ကိုလာမရှုပ်နဲ့လို့ ပြောထားတယ်။ ရှိခဲ့ရင်လည်း ကုမင်းယန်ကို သွားရှာတဲ့လေ။ အဲ့ကုမင်းယန်ဆိုတဲ့ နှာဘူးကိုတော့ သူသိသိသာသာလက်မခံနိုင်ဘူး!

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Tempat cerita menjadi hidup. Temukan sekarang