အပိုင်း - ၈

26.8K 4.6K 219
                                    

{Zawgyi}

•ဟဲ့ချန်းမင် ချိန်းတွေ့နေပြီ•

ကျီလျောင် အခန်းကိုတောက်လျှောက်အသည်းအသန်ပြေးတော့တယ်။

အရမ်းကြောက်ဖုတ်ကောင်းလိုက်တာ။ ဟဲ့ချန်းမင်ကြောင့် သူကွေးတောင်ကွေးတော့မလို!

သူ့ထိုင်ခုံပေါ် ဖင်ချထိုင်ပြီး အသက်တောင်၀၀မရှုရသေးခင် သူ့နောက်ကစားပွဲမှာ ထိုင်တဲ့ကောင်မလေးက သူ့ပခုံးကိုလှမ်းပုတ်တယ်။ ကျီလျောင်နောက်လှည့်ကြည့်လိုက်တော့ ကောင်မလေးကသူ့ကို ရေတစ်ဘူးလှမ်းပေးတယ်။

ကျီလျောင်ခဏလောက်ကြောင်တောင်တောင် ကြည့်ပြီးမှ မငြင်းတော့ဘဲပြောလိုက်တယ် “ကျေးဇူးပဲ”

သူကဖော်ဖော်ရွေရွေမရှိတာကြောင့် သူ့အတန်းဖော်တွေနဲ့ဆိုရင်တောင် အတော်အသင့်ဆက်ဆံရေးရှိပေမယ့် မိန်းကလေးတွေနဲ့ကတော့ အတော်လေးဆိုးဝါးတယ်။ ရုတ်တရက်ကောင်မလေးတစ်ယောက်ရဲ့ကောင်းကောင်းမွန်မွန် ဆက်ဆံပြောဆိုတာခံလိုက်ရတာကြောင့် သူနည်းနည်းတော့ ရှက်မိတယ်။ [T/N: ဒီနေရာမှာ အတော်လေးဆိုးဝါးတာကို တရုတ်လိုကပြန်မယ်ဆိုရင် နှစ်ပေါင်းရှစ်ရာကြာရင်တောင် စကားမပြောနိုင်ဘူးဆိုပြီး ပြန်လို့ရပါတယ်တဲ့]

ကောင်မလေးနာမည်က ရှုရှောင်ကျင်းဖြစ်တယ်။ သူ့အမြင်အရတော့ ကောင်မလေးက အတော်လေး ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွရှိပြီး စကားလည်းမတရားများတယ်။

“ရပါတယ်” ရှုရှောင်ကျင်း သူ့ကိုကြည့်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်။ သူမက ကျီလျောင်ရေနည်းနည်းသောက်ပြီး သက်သောင့်သက်သာဖြစ်လာတာကို မြင်တော့မှာ ရှေ့ကိုတိုးကပ်ပြီးမေးလိုက်တယ် “ကျီလျောင်.. နင်ကလေ အခန်းနှစ်က ဟဲ့ချန်းမင်နဲ့အရမ်းရင်းနှီးတာပဲလား?”

ကျီလျောင် ရင်တုန်သွားပြီး ပထမဆုံးတွေးမိတာက တစ်ယောက်ယောက်ဟဲ့ချန်းမင်ငါ့ကိုနမ်းလိုက်တာကို မြင်သွားတာလား?!! သူရုတ်တရက် ပျာယာခတ်သွားတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ခုနတုန်းက သူဘေးဘီကိုသေချာကြည့်လိုက်တော့လည်း တစ်ယောက်မှမရှိပါဘူး…

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Unde poveștirile trăiesc. Descoperă acum