အပိုင်း - ၁၆

22.8K 3.9K 32
                                    

{Zawgyi}

•ဒါပေမယ့် ငါကတော့သူ့ကိုကြိုက်တယ်•

ခုနတုန်းက မွန်းကြပ်လုနီးပါးဖြစ်သွားရပေမယ့် ကျီလျောင်စိတ်အခြေအနေကောင်းနေသေးတယ်။

ဟဲ့ချန်းမင်တောင်းပန်တာကိုကြားတော့ သူတိုးတိုးတိတ်တိတ်ရယ်လိုက်တယ်။ ဘာလို့များအမြဲတမ်းသူလုပ်ပြီးတော့မှ တွေးရတာလဲ?

ဒါပေမယ့် ဒီတိုင်းထားလိုက်ဖို့ပဲဆုံးဖြတ်လိုက်ပြီး စိတ်အနှောင့်အယှက်ထပ်အဖြစ်မခံတော့ဘူး။ ဘာပဲဖြစ်ဖြစ် အဲ့အချိန်တုန်းကလည်း သူတကယ်ကြီးတစ်ခုခုကို ခံစားမိသွားတယ်။

အဲ့ခံစားချက်ကြောင့် ကျီလျောင်အရမ်းစိတ်ရှုပ်နေမိတယ်။ စိတ်ထဲမှာတော့ အဲ့လိုမဖြစ်သင့်ဘူးလို့ ခံစားနေရတယ်။ ဒါပေမယ့်သူ့ကိုယ်ကတော့ အရမ်းရိုးသားတာကြောင့် ဟဲ့ချန်းမင်ဆွပေးတာကို ခံလိုက်ရတယ်။

“ငါ့ကို ဖက်မထားနဲ့” သူအသာလေးရုန်းလိုက်ပေမယ့် ပိုပြီးတော့တောင်တင်းတင်းကြပ်ကြပ် အဖက်ခံလိုက်ရတယ်။

“ကိုယ်လွှတ်ပေးလိုက်တာနဲ့ သေချာပေါက် မင်းထွက်ပြေးသွားမှာပေါ့” ဟဲ့ချန်းမင်လက်တွေက သူ့ပတ်ပတ်လည်မှာ ခြယ်လှယ်နေတယ်။ သူခေါင်းငုံ့ချလိုက်ကာ သူ့ရဲ့မေးစေ့ကို ကောင်လေးပခုံးပေါ်မှာ မှီတင်ထားပြီး ခွေးကြီးတစ်ကောင် သူ့သခင်စိတ်ကျေနပ်အောင်လုပ်ပေးချင်နေသလို လုပ်နေတယ်။

ကျီလျောင်ခဏလောက် စွန့်အနေမိတယ်။ “အဲ့တော့ မင်းကဘယ်အချိန်ထိ ဖက်ထားချင်နေတာလဲ? ငါတို့ပြန်မသွားရင် သူတို့တခုခုသံသယဝင်သွားမှာပေါ့!” သူ့ရှေ့ကလူကိုအဝေးတွန်းဖို့ကြိုးစားပေမယ့်လည်း မရဘူးဖြစ်နေတယ်။

သူ့ကိုဖက်ထားရတာ အရမ်းနေလို့ကောင်းတာကြောင့် ဟဲ့ချန်းမင်စိတ်အခြေအနေကို အလိုလိုပြန်ကောင်းလာတယ်။ သူနူးညံ့စွာရယ်မောလိုက်ပြီး ကျီလျောင့်နားနားကပ်ကာ “မင်းဘာတွေကြောက်နေတာလဲ? ကိုယ်တို့က ဖောက်ပြန်နေကြတာမှမဟုတ်တာ”

ဖောက်ပြန်တယ် _ အဲ့စကားလုံးကို သူအရမ်းရှင်းရှင်းလင်းလင်းကြီးပြောလိုက်တာဖြစ်တယ်။ သူ့အသံက ညို့ငင်နိုင်စွမ်းရှိပြီး စွဲမက်ဖွယ်ကောင်းလှတယ်။ ကျီလျောင်ခါးအောက်ပိုင်းတွေကစပြီး ပျော့ခွေလာသလို ခံစားလိုက်ရတယ်။ ဟဲ့ချန်းမင်သာ သူ့ကိုမကိုင်ထားဘူးဆိုရင်…

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now