အပိုင်း - ၂၄

18.4K 3.2K 49
                                    

{Zawgyi}

•မင်းရဲ့ကျောင်းဝတ်စုံက ဖရိုဖရဲဖြစ်နေတယ်•

နောက်တစ်ရက် ကျောင်းရဲ့ကြော်ငြာဘုတ်မှာ နှစ်ဝက်စာမေးပွဲက ရလဒ်အနီစာရင်းနှစ်ခုကပ်ထားပြီး တစ်ခုစီမှာ ပန်းချီနဲ့ သိပ္ပံထိပ်ဆုံးအယောက် ၁၀၀စာရင်းပါတယ်။

သိပ္ပံရဲ့ပထမရတဲ့သူက ဟဲ့ချန်းမင်ဆိုတာ အံ့သြစရာတော့ မရှိပေဘူး။ ဒါပေမယ့် လူတိုင်းထိတ်လန့်သွားရတာက သူ့ရဲ့အမှတ်စုစုပေါင်းက ဒီတစ်ခေါက်မှာ ဒုတိယနဲ့ကပ်နေပြီး အမှတ်သုံးဆယ်လောက်ပဲကွာတယ်။

အဲ့တာအပြင် ဒုတိယနေရာက ကျောင်းသားသမ္မဂ္ဂရဲ့ဥက္ကဌ ကုမင်းယန်ဖြစ်နေတာပဲ။

သူစာရင်းကိုတွေ့တဲ့အချိန်မှာ ကုမင်းယန်က မျက်နှာသေအတိုင်းရှိနေပေမယ့်လည်း သူ့ရင်ထဲမှာတော့ ကျိန်ဆဲလိုက်မိတယ်။ ဟဲ့ချန်းမင်က သောက်ရမ်းကြီးတွေတခြားကမ္ဘာက သတ္တဝါလားဟ? မနက်ပိုင်းတွေဆိုရင် အိပ်တယ်ပြီးတော့ ညပိုင်းတွေဆိုရင် ကျီလျောင်နဲ့ကလူကျီစယ်နေတာတောင်မှ ဒီလိုရလဒ်ရအောင်လုပ်နိုင်သေးတယ်။ Fuck my Lifeပဲ… ကုမင်းယန်သူ့ဘာသာတွေးလိုက်တယ်။

ဘာကသူ့ကိုပိုပြီးဒေါပွစေလဲဆိုရင် နှစ်တိုင်းဒီလိုချိန်ဆို သူ့နာမည်ကနှိုင်းယှဉ်တဲ့ထဲပါလာတယ်။ အဓိကကတော့ ဟဲ့ချန်းမင်သာဒေါသထိန်းနိုင်ပြီး အကျင့်စရိုက်လေးသာ ပိုကောင်းရင် ကျောင်းသားသမ္မဂ္ဂရဲ့ဥက္ကဌနေရာက ကုမင်းယန်နဲ့ ဘာမှမဆိုင်တော့ဘူးဆိုတာပဲ။

ဟာ့! သူ့အခြေအနေပေါ်မှာ ပျော်နေတယ်ဆိုတာက အပေါ်ယံသက်သက်ပဲ…

သူထွက်သွားတော့မယ့်အချိန်မှာ ဟဲ့ချန်းမင်လျှောက်လာပြီး နောက်မှာ လင်ကျန်းလည်းပါလာတယ်။

ကုမင်းယန်မျက်လုံးတွေမှေးကျဉ်းသွားပြီး ပိုလို့တောင် မပျော်မရွှင်ဖြစ်သွားတယ်။

“အိုး ကုရှောင်လည်းစာရင်းကိုလာကြည့်တာပဲ” လင်ကျန်းက ထိုသူ့ရဲ့ “ညီငယ်လေး”ဆိုတဲ့နေရာကို သတိအပြည့်ထားနေရတာကြောင့် ရှက်နေတာကိုမြိုသိပ်ကာ တစ်ဖက်ကောင်လေးကို နှုတ်ဆက်လိုက်တယ်။

ပြီးခဲ့တဲ့တစ်ခေါက် ကုမင်းယန်ပေါင်ပေါ်မှာထိုင်ရတာကို တွေးလိုက်မိတာနဲ့တင် ပြန်ရှက်လာပြီး မျက်နှာတွေပါပူလောင်လာတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now