အပိုင်း - ၄၀

14.1K 2.6K 102
                                    

{Zawgyi}

•အိမ်ပေါ်က နှင်ချခံရလို့ ခေါ်ပေးထားနိုင်မလား?•

နောက်တစ်နေ့စာမေးပွဲဖြေပြီးနောက်မှာ အတန်းထဲမှာ ဆွေးနွေးသံတွေနဲ့ စည်ကားလျက်ရှိတယ်။ တချို့က သင်ရိုးထဲမပါတာတွေကို ထည့်မေးထားလို့ဆိုပြီး မကျေမနပ်ပြောနေကြပြီး တခြားသူတွေကတော့ အဖြေတိုက်နေကြကာ ကျန်တဲ့သူတွေက စာမေးပွဲဆိုတဲ့အချုပ်အနှောင်ကြီးက လွတ်သွားလို့ စိတ်လှုပ်ရှားနေကြတယ်။ ကျီလျောင်လည်း အဲ့ထဲတစ်စိတ်တစ်ပိုင်းဝင်ရောနေချိန်မှာ ဖုန်းသံမြည်လာတယ်။ သူထုတ်ကြည့်လိုက်ပြီး ဖုန်းကိုပြန်ဖြေကို အပြင်ဘက်ကိုထွက်လာလိုက်တယ်။

“အမေ?” ရှုအိုက်ဝမ်ခေါ်တာဖြစ်တယ်။

“တျန်းတျန်း အမေသားရဲ့ကျောင်းပေါက်ဝမှာ ဦးလေးမန်နဲ့စောင့်နေတယ်၊ ဘယ်တော့ထွက်လာမှာလဲ?”

ကျီလျောင်ပြန်ဖြေလိုက်တယ် “သားအခုထွက်လာပြီ”

သူကျောပိုးအိတ်ထဲ ပစ္စည်းတွေထည့်နေရင်း သူ့ရဲ့စာမေးပွဲနောက်ဆုံးနေ့ရောက်တိုင်း ကျီချင်းဝမ်လာကြိုလေ့ရှိတာကို သတိရသွားတယ်။

အပေါ်ထပ်ကပြေးဆင်းကာ ထောင့်ချိုးနှစ်ခုလောက်ချိုးပြီး ကျောင်းပေါက်ဝကို ရွရွလေးပြေးသွားတော့ ထင်တဲ့အတိုင်း ရှုအိုက်ဝမ်ကိုတွေ့လိုက်ရတယ်။ ဒီနေ့ သူမကမိတ်ကပ်ပါးပါးလေးလိမ်းလာတာကြောင့် သူမကပိုတောင် ကြော့ရှင်းနေပြီး သူမဘေးက ရည်ရည်မွန်မွန်ရှိတဲ့လူကြီးနဲ့ အလွန်လိုက်ဖက်နေတယ်။

ကျီလျောင် အဲ့နားလျှောက်သွားပြီး လှမ်းခေါ်လိုက်တယ် “အမေ ဦးလေးမန်”

ရှုအိုက်ဝမ်ပြုံးပြီး သူ့လွယ်အိတ်ကို လှမ်းယူလိုက်တယ်။ မန်ယွမ်က သူ့အလိုလိုလှမ်းယူပြီး သူ့လက်ထဲမှာကိုင်ထားလိုက်တယ်။

ရှုအိုက်ဝမ်က “ယောင်ယောင့်ကို ခဏလောက်စောင့်ရအောင်၊ ယောင်ယောင်က သားဦးလေးမန်ရဲ့သမီးလေးလေ… သားနဲ့အသက်အတူတူပဲ ပြီးတာ့ ဒုတိယနှစ်ရောက်နေတာလည်းတူတယ်၊ အဲ့ကောင်မလေးကိုသိလား?”

ကျီလျောင် အံ့သြသွားတယ်။ ယောင်ယောင်… ကျောင်းကပန်းကလေး မန်ယောင်ယောင်?!

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}حيث تعيش القصص. اكتشف الآن