Part 21

2.7K 281 47
                                    

Zawgyi

တစ်အိမ်လုံး ၊ တစ်ခြံလုံးတွင် တိတ်ဆိတ်နေ၍ ကိုကိုသာရှိသည် ။ ညနေ ၄နာရီမို့ Company မှ ပြန်လာကတည်းက ဒန်းပေါ်ထိုင်နေရင်း ဂျွန်လေးကို ကြိုဖို့ ကိုကိုစောင့်နေသည်မှာ ၁၀မိနစ်လောက်ရှိပြီ ။ ဒီနေ့ ဂျွန်လေးတို့ ကျောင်းကား နည်းနည်းနောက်ကျနေသည် ။ တိတ်ဆိတ်မှုကို ဖြိုခွင်းဖို့ ကိုကိုညည်းနေကြ သီချင်းကို ဖွင့်ရင်း ဦးရာအား လွမ်းနေရသည် ။

"သီချင်းတွေထဲမှာ မင်းအမြဲရှိနေတယ်...
ကိုယ့်ရဲ့အတွေးမှာ မင်းပဲဖြစ်နေရမယ်...
ခံစားချက်တိုင်းကို ဖန်ဆင်းပေးတဲ့သူ...
ဘဝတစ်ခုလုံးဟာ မင်းကြောင့် လှနေတော့မယ်...
ကိုယ့်ခြေလှမ်းတွေ မင်းအမြဲ လိုက်နေတယ်...
ကိုယ့်မျက်လုံးမှာ မင်းရဲ့အကြည့်တွေပဲ...
နေ့တွေညတွေ အကုန်သိမ်းပိုက်တဲ့သူ...
ဘဝဆက်တိုင်းမှာ မင်းက ကိုယ့်သခင်ဖြစ်မယ်...

စေလိုရာ...စေလိုက်တော့ သခင်...သခင်လိုရာ အဆင်သင့်ဖြစ်မယ်...အရာရာကို ပိုင်စိုးတဲ့ သခင်...ဆိုနေတဲ့ သီချင်းများ...ရှင်သန်ရခြင်း ဘဝ...ဒါတွေအားလုံး ဖန်ဆင်းပေးတဲ့ သခင်...

အတွေးရှိတိုင်းမှာ မင်းအတွက် ဖြစ်လာမယ်...
အသက်ရှင်ခြင်းမှာ မင်းက အရေးပါလွန်းတယ်...
မျှော်လင့်ချက်တိုင်းကို ဖြည့်ဆည်းပေးမယ့်သူ...
ဘဝဆက်တိုင်းမှာ မင်းပဲရှိနေတော့ကွယ်...

စေလိုရာ...စေလိုက်တော့ သခင်...သခင်လိုရာ အဆင်သင့်ဖြစ်မယ်...အရာရာကို ပိုင်စိုးတဲ့ သခင်...ဆိုနေတဲ့ သီချင်းများ...ရှင်သန်ရခြင်း ဘဝ...ဒါတွေအားလုံး ဖန်ဆင်းပေးတဲ့ သခင်...

အိုး.....စေလိုရာ...စေလိုက်တော့ သခင်...သခင်လိုရာ အဆင်သင့်ဖြစ်မယ်...အရာရာကို ပိုင်စိုးတဲ့ သခင်...ဆိုနေတဲ့ သီချင်းများ...ရှင်သန်ရခြင်းဘဝ...ဒါတွေအားလုံး ဖန်ဆင်းပေးတဲ့ သခင်...အိုးးဟိုးးး......ကိုယ့်ရဲ့ သခင်ပဲ... ဘဝရဲ့ သခင်ပဲ....."

ကိုကိုဆိုညည်းနေတဲ့ သီချင်းထဲကလို ဦးရာက ကိုကို့ရဲ့ သခင် ။ ကိုကို့ကမ္ဘာက ဦးရာကြောင့် လှတယ် ။ ကိုကို့ရင်ခုန်သံက ဦးရာကြောင့် မြန်ဆန်တယ် ။ ကိုကို့အတွေးတွေက ဦးရာကြောင့် ချိုမြိန်တယ် ။ ကိုကို့အချစ်တွေက ဦးကြောင့် ပြည့်စုံတယ် ။ သခင် ဘဝတစ်ခုလုံးရဲ့ သခင် ။

လွတ်မြောက်ခြင်း/လွတ်မြောက်ခြင်း ( Completed )Where stories live. Discover now