Part 2

3.7K 354 15
                                    

Zawgyi

ရန်ကုန်မြို့၏ မနက်၈နာရီအချိန်သည် လူအများအတွက် အလုပ်သွားရာအချိန်ဖြစ်သည်။ ကိုကို ၁၀နှစ်သား မှတ်ဥာဏ်ထဲ လူရှုပ်သော ရန်ကုန်မရှိခဲ့ပါ။

ကိုကိုနေသော နေရာနှင့်ဦးရာ Companyသည် ကားမှတ်တိုင်၎တိုင်သာ ဝေးသည်။ ဒီနေ့အလုပ်ပထမဆုံးဆင်းရမည့်ရက်မို့ ကိုကိုစောလာခဲ့ခြင်းကြောင့် အခု၈နာရီခွဲတွင် Company ရှေ့ရောက်နေသည်။

ကိုကိုနေသော တိုက်ခန်းမျက်နှာခြင်းဆိုင်မှ မုန့်ဟင်းခါးဆိုင်တွင် မုန့်ဟင်းခါးစားရင်း ဆိုင်ရှင်အန်တီကြီးက Companyနဲ့ ၄မှတ်တိုင်သာစီးရဆိုသောကြောင့် YBS စီးလာခဲ့သည်။

မီးပွိုင့်မိ၍ ကြပ်သိပ်ပိတ်နေသော ကားအတွင်း မိနစ်၂၀လောက်စီးအပြီး လူကနုံးချင်သွားတယ်။ USနှင့် အိပ်ချိန်မတူ၍ မနေ့က အိမ်ရှာဘာညာ ပင်ပန်းထားတာတောင် ညဘက်အိပ်မပျော်ခဲ့။

ဟူးးးး အခု အိပ်ချင်လာပြီ။ ဦးရာကိုတွေ့ချင်သော စိတ်ကဆောင်ပေမယ့် ခန္ဓာကိုယ်ကမခံနိုင်။

ကားမှတ်တိုင်တွင်ရောင်းသော အားဖြည့်အချိုရည် Shark ဗူးလေးသောက်အပြီး နေသာထိုင်သာရှိသွားတယ်။

၈နာရီခွဲမို့ Company အောက်ထပ်တွင် လူတောင်သိပ်မရှိ။ ဓာတ်လှေကားထဲ လူနှစ်ယောက်သာရှိသည်။

"ဘယ်ဌာနကလဲ မောင်လေးက"

ဓာတ်လှေကားထဲ အစ်မတစ်ယောက်အမေးကြောင့် ကိုကို Company ဝန်ထမ်းဘဝကို စတင်ခံစားလိုက်ရသည်။

"Bossအဖွဲ့ပါ အစ်မ"

"အသစ်ရောက်တဲ့ သူလေးပေါ့ ၊ လူတော်လည်းပဲနေမယ် ၊ Bossအဖွဲ့ထဲ တော်ရုံချက်ချင်းမရောက်ဘူး ၊ အသစ်လေးမို့ သတိပေးလိုက်မယ်နော် ၊ Boss အဖွဲ့က ဌာနမှူးကြီးဦးအောင်နိုင်ကို သတိထား ၊ သူကစည်းကမ်းလည်း ကြီးသလို၊ အလုပ်မှာတော်တော့ မောက်မာတယ်"

"ဟုတ် ကျေးဇူးပါ"

သူတို့ဆင်းမယ့် ၆ထပ်အရောက်ပြုံးပြ နှုတ်ဆက်ကာ ဆင်းသွားကြတယ်။ ကိုကိုတော့ သတိထားရမယ့် ဌာနမှူးအကြောင်း တွေးမိပြီး စိတ်ကိုကြိုပြင်ဆင်ထားလိုက်သည်။

လွတ်မြောက်ခြင်း/လွတ်မြောက်ခြင်း ( Completed )Where stories live. Discover now