Part 4

2.8K 324 17
                                    

Zawgyi

ဗိုက်မှ တရစ်ရစ်အောင့်တက်လာမှုကြောင့် ကိုကိုနိုးလာရသည် ။ ခေါင်းလည်း မထူနိုင်သလို ၊ ရေလည်း ဆာနေသည် ။ အလင်းရောင်ကို မမြင်ရသေးသော ပတ်ဝန်းကျင်ကြောင့် မိုးမလင်းသေးမှန်း သိနေ၏။

ပေတေပြီး လှဲမနေနိုင်တော့ ဆေးသောက်ရန် ထရဦးမည် ။ ဒီနာကျင်မှုကို လုံးဝမခံစားနိုင်ပါ။ မခံစားနိုင်လို့ အစားအသောက်ရှောင်ခဲ့ပေမယ့် ရှောင်လို့မရတဲ့ အနေအထားတွေကြောင့် ဝေဒနာကို ကြိတ်မှိတ်ခံစားရဦးမည်။

ဆေးသောက်ပြီး သက်သာလာပေမယ့် ခဏသာပင်။ တစ်ရက်ကျော်ကျော်လောက်တော့ ခံရဦးမည်။

ဖုန်းက နာရီမှ မနက်နှစ်နာရီသာ ရှိသေးသည်။ ဒီနာကျင်မှုမျိုးကို တစ်ယောက်တည်း ကြိတ်ခံစားရတာ ကြာတော့ မဆန်းပေမယ့် အထီးကျန်ဆန်သည်။ ဝမ်းနည်းရသည်။

နာကျင်နေချိန် တစ်ယောက်မှ အနားမှာ မရှိသည့် ကိုယ့်အဖြစ်ကို သနားတာထက် ဘာတွေမှားယွင်းစွာ နေထိုင်ခဲ့လို့ အဖော်မဲ့နေရတာလဲဆိုတာ ဝေဒနာ ခံစားနေရချိန်တိုင်း စဉ်းစားမိသည်။

အီး...အီး...အဟင့်...

ငိုနေရင်တောင် မျက်ရည်သုတ်ပေးမယ့်သူမရှိ၊ ခေါင်းလေးပုတ်ပေးမယ့်မရှိ၊ ဗိုက်အောင့်တဲ့ နာကျင်မှုကို ခဏနေသက်သာသွားမှာပါလို့ ပြောပေးမယ့် သူမရှိ။

ကျင့်သားရနေတဲ့ ကိုယ့်ဘာသာဖြေသိမ့်မှုတွေနှင့်အတူ အငိုတိတ်ပြီး ဗိုက်ပေါ်လက်ဖိကာ သက်သာရာရှိသည့် အတိုင်း ဘေးစောင်း၍ ဒူးကွေးနေလိုက်သည်။

သေရမှာလည်းကြောက်ပါတယ် ။ သေမင်းခံတွင်းဝ ဖြတ်လျှောက်ဖူးသူမို့ သေခြင်းတရားကို ကိုကိုတကယ်ကြောက်သည်။ နာကျင်ဝေဒနာတွေ ကိုကိုကြောက်သည်။ အဖော်မဲ့စွာ နာကျင်ဝေဒနာခံစားရင်း သေသွားရမှာ ကိုကိုပိုကြောက်သည်။

ထို့ကြောင့်လည်း တစ်ယောက်တည်းနေပေမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်နေသည်။

တဖြည်းဖြည်းနှင့် မိုးစင်စင်လင်းပြီး ကမ္ဘာမြေကြီး သက်ဝင် လှုပ်ရှားလာပြီ။ နာကျင်မှုဝေဒနာကို ကြိတ်ခံစားရင်း အချိန်တွေကို ရေတွက်နေမိသည်။

လွတ်မြောက်ခြင်း/လွတ်မြောက်ခြင်း ( Completed )Wo Geschichten leben. Entdecke jetzt