Part 6

2.9K 310 3
                                    

Zawgyi

"ကိုကြီး...နန်းစိန်ကိတ်မုန့်နဲ့ မျှစ်ချဉ်လေးများများဝယ်ခဲ့ပေးပါနော် ၊ ကျော့တို့ဌာနက အငယ်တွေအကုန်ကြိုက်ကြတယ် ၊ ကျော့လည်း မျှစ်ချဉ်ကို ငါးနဲ့ ချက်စားချင်လို့"

"အင်း"

ကုတင်ပေါ် ကျောမှီပြီး စာအုပ်ဖတ်နေရင်း တစ်ချက်မကြည့် တုန့်ပြန်လိုက်သော အေးစက်စက် စကားသံကို မြကျော့ခိုင် ပြုံးလျက်ခံယူလိုက်သည် ။

အဝတ်အစားတစ်ချို့ ထည့်နေရင်း သူမလိုချင်သည်များကို ခရီးသွားတိုင်း မှာနေကြပါ။ သူမလိုချင်၍ မဟုတ် ထိုသူ၏ အာရုံစိုက်မှုကို သူမလိုချင်လို့ပင် ။

သူမမှာသမျှ မမေ့မလျော့ ဝယ်ခဲ့ပေးတတ်သည့် ထိုသူသည် သူမအပေါ်ခင်ပွန်းကောင်းတစ်ယောက်အဖြစ် ရှိနေပေးသည် ။

ကလေးအထူးကုဆရာဝန်မကြီးဒေါ်မြကျော့ခိုင်အား ပညာဂုဏ်ကြောင့်သော်လည်းကောင်း ၊ ဦးမင်းစေရာဆိုသော သူဌေးတစ်ယောက်၏မိန်းမတစ်ယောက်သော်လည်းကောင်း သိသူများသည် သူမကို လေးစားအားကျကြသည်။

သို့သော် ထိုသူများထင်သလို သူမ၏အိမ်တွင်းရေးမှာ အားကျစရာမရှိခဲ့ပါ။ သူမထက်တစ်နှစ်ကြီးသော အေးစက်စက် အပြုအမူများနှင့် ခင်ပွန်းဖြစ်သူက သူမအပေါ် ချစ်ခြင်းမေတ္တာဆိုတာ မရှိပါ။

ဖအေတူသား သူမသားသည်လည်း ကလေးပီပီ တီတီတာတာမရှိ ၊ ချွဲချွဲနွဲ့နွဲ့မရှိပါ ။ အသက်ငယ်ငယ်နှင့် တော်ချင် ၊ တက်ချင်စိတ်များသည် ။

သူမသည် ပုံစံခွက်ထဲက အိမ်ထောင်သည်ဘဝတွင် ခင်ပွန်းသည်အား ချစ်ဖို့ကြိုးစားခဲ့သည် ။ သံယောဇဉ်ကနေ အချစ်အဖြစ်ပေါက်ဖွားလာကာ သူမဘက်မှ ချစ်သော်လည်း အိမ်ထောင်သက် ၈နှစ်အတွင်း သူမပြန်ရသည်မှာ အေးစက်စက်အပြုအမူများသာဖြစ်သည် ။

"ကိုကြီး ဘယ်အချိန်လောက်သွားမလဲဟင်"

"လေးနာရီ"

"ဒါဆို ကျော့မနက်စာ ပေါင်မုန့်မီးကင်နှင့် ကော်ဖီ လုပ်ပေးမယ်နော်"

"ရတယ် ၊ လမ်းမှာစားလိုက်မယ် ၊ အိပ်မယ်ကျော့ "

"ဟုတ်ကဲ့ ကိုကြီး"

လွတ်မြောက်ခြင်း/လွတ်မြောက်ခြင်း ( Completed )Where stories live. Discover now