Part 16

2.8K 295 38
                                    

Zawgyi

အတွင်းရေးမှူး သူ့အလုပ်က မနက်ဆို ကိုစစ်မျိုးလာခေါ်တာစောင့် ၊ ပြီးလျှင် သူ့ဆီကတစ်ဆင့် Boss ကိုအချိန်မှီသွားကြို ။ အချိန်တိကျလွန်းသော Boss ကြောင့် သူတို့က အမြဲစောရောက်ရသည် ။ ဒါ ၁၀နှစ်လုံးလုံး Boss အိမ်ထောင်မကျခင်ကတည်းက သူလုပ်နေကြပင် ။ အခုတော့ သူအလုပ်တစ်ခုထပ်ပိုရသည် ။ သူတို့နှစ်ယောက်နှင့်အတူ Boss ပါလာကြိုရတဲ့ သူရှိလာခဲ့ပြီ ။

ဆက်ပိုင်အား လာကြိုရသည့် တစ်ပတ်ကျော်အတွင်း Boss သည် အချိန်တိကျခြင်းကို မေ့ထားတတ်သည် ။ ယခုလည်း စောင့်နေသည်မှာ ၁၅မိနစ်ရှိပြီ ။ လက်တော့သုံးရင်း  Boss က အေးရာအေးကြောင်း စောင့်နေသည် ။ အရင်ကဆို ၂မိနစ်လောက်ကျော်လျှင်တောင် အလုပ်ကိစ္စဆိုပေမယ့် ဖျက်ပစ်သည် ။ ဒီတစ်ပတ်ကျော်အတွင်း ၂မိနစ်လောက်စောင့်ရတယ်ဆိုတာ Boss အတွက် အသေးအဖွဲ့ဖြစ်သွားသည် ။ အချစ်က ထိုမျှလောက်စွမ်းအားကြီးလား သူမသိခဲ့ပါ ။

"ကျွန်တော် တောင်းပန်ပါတယ် အစ်ကိုတို့ အိပ်ရာထ နောက်ကျသွားလို့"

"ရပါတယ် ညီ"

အနောက်ခန်းတွင် ဝင်ထိုင် ,ထိုင်ခြင်း သူတို့ကို တောင်းပန်စကားဆိုတဲ့ ဆက်ပိုင်ဟာ ချစ်စရာကောင်းလွန်းသည်တော့ လက်ခံသည် ။ ဆံပင်အဖြူရောင်လေးတွေက ရွှေဝါရောင်ဝင်းနေသော ဆက်ပိုင်မျက်နှာအသားအရေလေးနှင့် အလွန်လိုက်ဖက်သည် ။

"စစ်မျိုး မောင်းတော့"

"ဟုတ်ကဲ့ Boss"

သူလည်း နောက်ကြည့်မှန်ကနေ Boss တို့ကို ကြည့်နေရာက လမ်းမရှေ့ အကြည့်ပို့လိုက်သည် ။ သို့သော် အသံများက ကြားရဦးမည် ။

"ကိုကို နောက်ကျသွားလို့ စောင့်ရတဲ့အတွက် တောင်းပန်ပါတယ်နော်"

စပ်စုတာမဟုတ်ပါဘဲ အကြည့်ရောက်သွားခြင်းလို့ သူအမည်တပ်လိုက်သည် ။ အသံကြားမှတော့ မြင်ချင်သေးတယ် ။ မျက်နှာငယ်လေးဖြင့် Boss အား တောင်းပန်နေသော ဆက်ပိုင်သည် Boss ရှေ့ဆို တစ်ခါတလေ သိမ်ငယ်တတ်သည် ။ သူ့ကို ငြိုငြင်မှာ ကြောက်တဲ့ အရိပ်ယောင်တွေ တွေ့ရတတ်သည် ။

"ခေါင်းလျော်ထားပြီး ဘာလို့ပြောင်အောင် မသုတ်တာလဲ"

Boss မျက်နှာက အလိုမကျစွာ ဆက်ပိုင်ဆံပင်တွေ ကိုင်ကြည့်၍ လေပြေသွေးဆူသံထွက်လာသည် ။ Boss အသံက လေပြေတွေလို နူးညံ့ညင်သာပြီး ကလေးဆူသလို ပြောနေသည် ။ အတွင်းရေးမှူးသတ်တမ်းတလျှောက် Boss စိတ်ရှည်ပြီး ကြင်နာတာဆိုလို့ ဆက်ပိုင်နှင့်မှ တွေ့ဖူးသည် ။

လွတ်မြောက်ခြင်း/လွတ်မြောက်ခြင်း ( Completed )Where stories live. Discover now