Part 14

2.9K 309 45
                                    

Zawgyi

ကိုယ်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းနေသော ရေစက်တွေအောက် ခေါင်းငုံ့ရပ်နေရင်း အတွေးတွေက ချာချာလည်နေသည် ။ အတွေးကြောင့် လူသေစေနိုင်လျှင် ကိုကိုသေသွားတာ ကြာပြီ ။ တစ်ယောက်တည်း ကမ္ဘာပျက်သလို အတွေးတွေက ယောက်ယက်ခတ်နေတယ် ။ ရင်တွေပူလွန်းလို့ ည ၁၁နာရီကျော်ကြီး ရေဗန်းအောက်ဝင်ရပ်နေတာ ကြာနေပေမယ့် ပူလောင်မှုက ရပ်မသွား ။

တတ်တူးထိုးတာပြပြီး နောက်ရက်မှစ၍ ဦးရာဆီက ဘယ်အဆက်အသွယ်မှ မရတာ 3ရက်ရှိပြီ ။ ကိုကိုဖုန်းဆက်ပေမယ့်လည်း ကိုဇထက်သာ ကိုင်တယ် ။ 'Boss မအားဘူး ညီ' ဆိုတဲ့စကားသာ အမြဲကြားရတယ် ။ Chat Box က ပို့ထားတဲ့စာတွေမှာလည်း Seen တောင်မပြ ။ တွေးရင်း တွေးရင်း ကိုကို့မှာ ပူလောင်လာရတယ် ။

ကိုကို့ကို ဦးရာမချစ်မှန်း သိနေသည်မို့ ဟိုမှာတစ်ယောက်ယောက်များတွေ့နေမလား ၊ တစ်ယောက်ယောက်နှင့် အိပ်နေမလား ဆိုတဲ့အတွေးတွေ တွေးနေရင်း နာကျင်ရသည် ။ ကိုယ်တိုင်က ဦးရာအတွက် အပျော်သဘောမို့ နောက်ထပ်အပျော်တွေရှိသွားမှာလည်း ကြောက်တယ် ။

ချစ်ရတာ နာကျင်ရတယ် ။ အိမ်ထောင်သည်ယောက်ျားတစ်ယောက်မို့ အမြဲကျီးလန့်စားစား ချစ်နေရတဲ့အတွက် ဘယ်တော့မှ စိတ်မအေးခဲ့ရ ။ ကိုယ့်ကို မချစ်တဲ့ သူမို့ အမြဲဝမ်းနည်းနာကျင်ချစ်နေရတယ် ။ တစ်စုံတစ်ယောက်ရဲ့ အပျော်ဘဝဆိုတာ ထိုသို့နေရာမျိုးမှန်း အခုနားလည်လာတယ် ။ သူစိတ်ပါချိန် ၊ သူစကားပြောချိန်ကိုသာ ကိုယ်က စောင့်မျှော်နေရမှန်း ပိုသိလာတယ် ။

ရေအေးတွေအောက် အကြာကြီးရပ်နေပေမယ့် အခုချိန်ထိအေးတယ်လို့ မခံစားရသေး ။ ရပ်နေတဲ့ ခြေထောက်တွေတောင် မခိုင်ချင်တော့ပါ ။ ရေအေးတွေက ပူလောင်နေတဲ့ ရင်ကိုမအေးစေ ။ မျက်လုံးထဲက ကျလာတဲ့ အရည်တွေကလည်း နာကျင်မှုကို လျော့သွားစေခြင်းမရှိ ။ ဒီအတိုင်း နာကျင်လျက် ၊ ပူလောင်လျက် ။

ရေဗန်းကို ပိတ်ပြီး သဘတ်တစ်ထည်ကို ကိုယ်တွင် ပတ်ကာ ဘေစင်ရှေ့ရပ်၍ မှန်ထဲကြည့်လိုက်သည် ။ တစ်ကိုယ်လုံးမှာမှ ချက်ပေါ်က အမာရွတ်တစ်ခုသာရှိသည် ။ ပြစ်ချက်ဟူ၍ တခြားမရှိ ။ လိုအပ်ချက်ရယ် မရှိပါဘဲ အိမ်ထောင်သည်ယောက်ျားတစ်ယောက်အပေါ် စိတ်ရှိနေတာကြောင့် ကိုယ်တိုင်ညှိုးငယ်နေရသည် ။ အတွေးတွေကို မောင်းထုတ်ရမည် ။ ကျိန်းစပ်နေသော မျက်လုံးတွေက မျက်ရည်ကျတာ များသွားလို့ထင်သည် ။

လွတ်မြောက်ခြင်း/လွတ်မြောက်ခြင်း ( Completed )Tahanan ng mga kuwento. Tumuklas ngayon