Part 7 🔞

4.6K 308 8
                                    

Zawgyi

(A/N_ အသက်မပြည့်ရင် မဖတ်ပါနဲ့နော်။ တစ်ပိုင်းလုံး 🔞အခန်းတွေမို့ ဒီအပိုင်းမဖတ်လည်း လွတ်သွားတဲ့ ဇာတ်ကွက်ရယ်မရှိပါဘူး ။ )

_________________________________
သူရှေ့က နွားနို့ခွက်ကိုကြည့်ရင်း သူပြုံးမိတယ် ။ သူထိုင်နေတဲ့ခုံရှေ့ စားပွဲပေါ်မှာ အသီးပန်းကန်တစ်ချို့နှင့်အတူ မလိုက်မဖက် ဝိုင်ခွက်တစ်ခွက်နဲ့ နွားနို့ခွက်တစ်ခွက်က နေရာယူထားသည်။

နေပြည်တော်ရောက်ရောက်ချင်း ဝန်ကြီးတွေနဲ့ တွေ့ရတာရော ၊ ဒီနေ့ဆို ဂေါက်ကွင်းမှာ ဂေါက်ရိုက်ရတာရော ၊ ကောင်လေးဗိုက်အောင့်နေတာရောကြောင့် သူကောင်လေးနဲ့ အတူမနေရသေးပါ ။

စရောက်တဲ့နေ့ တစ်ညလုံးဘေးမှာ ဗိုက်အောင့်လို့ အိပ်လိုက် ၊ နိုးလိုက် ဖြစ်နေခဲ့သော ကောင်လေးကြောင့် သူ့ဆန္ဒကို ထိန်းချုပ်ခဲ့ရတယ် ။ တစ်ညတော့ သူထိန်းချုပ်နိုင်ပေမယ့် မနက်ဖြန်ပြန်တော့မှာမို့ ဒီည အလွတ်မပေးတော့ပါ။ သူကြိုဆင်ထားသည်များပါ ရှိခဲ့သည်။

ဝိုင်သောက်ရင်း ကောင်လေးရေချိုးတာကို သူထိုင်စောင့်နေသည်မှာ နာရီဝက်လောက်ရှိပြီ ။ ဝိုင်ကို ဇိမ်ခံမသောက်ဘဲ သူတစ်ခွက်ပြီးတစ်ခွက်သောက်နေတာ ကုန်တော့မည်။ ကောင်လေးထွက်မလာသေးပါ။

ချောက် !!!

တံခါးဖွင့်သံတစ်ခုနှင့်အတူ ထွက်လာသော အဖြူရောင်ကောင်လေး ။ ဆံနွယ်ဖြူဖြူလေးတွေ နဖူးပေါ်ဝဲကျနေပြီး အဖြူရောင် Bathrobe လေးမို့ သူ့စိတ်တွေကို နိုးကြွစေသည်။

အဖြူရောင်ဆံနွယ်လေးနဲ့ ဆန့်ကျင်ဘက် ပန်းရောင်ဖြာနေသော မျက်နှာလေးက သူ့ကိုဆွဲဆောင်နေသယောင် ။ တစ်လှမ်းချင်းစီဆီလှမ်းလာသော ခြေလှမ်းများနှင့်အပြိုင် သူ့ကာမစိတ်တွေတစ်ရစ်ရစ်တက်လာ၏။

"နွားနို့သောက်...အားရှိအောင်"

"ဟုတ်ကဲ့"

ဝိုင်အရှိန်ကြောင့်လားမသိ သူ့နားထဲကောင်လေးအသံတိုးတိုးက နားဝင်ချိုနေသည် ။ နွားနို့သောက်ရင်း မျက်နှာလေးမဲ့ကာ ကြည့်လာသော မျက်ဝန်းကြည်ကြည်လေးကို သူ့ကြောင့် မျက်ရည်ဝဲစေချင်သည်။

လွတ်မြောက်ခြင်း/လွတ်မြောက်ခြင်း ( Completed )Where stories live. Discover now