Part 19

2.6K 281 31
                                    

Zawgyi

တောက် !!!

ဒုန်း !!!

"ဆက်ပိုင်ကို !!!! "

သူ့အော်သံနောက် မျက်စုံမှိတ်ထားသော ကိုယ်လုံးလေးက တုန်တက်သွားကာ မျက်လုံးလေးပြူး၍ ကြည့်လာသည် ။ သူ ဒေါသမထွက်ချင်ပါ ။ ကလေးက ဆိုးလွန်းသည် ။ ဘယ်လိုစိတ်ကူးဖြင့် အိမ်တွင် လိုက်နေချင်မှန်းမသိပေမယ့် ဒီတစ်ခုတော့ သူမလိုက်လျောနိုင်ပေ ။

အသက်ရှူသံသာကြားရသည့် အခန်းအတွင်း ကလေးသည် သူ့အား ငြိမ်သတ်စွာကြည့်နေသည် ။ သို့သော် ကလေးစိတ်ဘယ်လောက်လှုပ်ရှားနေလဲဆိုတာ ပွတ်နေသည့် လက်မနဲ့ လက်ညှိုးက သက်သေပြနေသည် ။ စိတ်လှုပ်ရှားနေတာထက် ဝမ်းနည်းသွားခြင်းဖြစ်နိုင်သည် ။ မျက်ဝန်းတွေက ညိုးငယ်နေသည် ။ ပါးလွှာသော နှုတ်ခမ်းသားလေးက တဆတ်ဆတ်တုန်နေသည် ။ သူ မကြည့်ရက်စွာ ကလေးအား ကျောခိုင်းထွက်လာသည် ။ အလိုလိုက်တယ်ဆိုတာ သူနေရာနှင့်သူရှိသည် ။ ဒီကိစ္စ အလိုမလိုက်နိုင်ပါ ။

နောက်ကျောမှ ဖက်တွယ်လာသော လက်တစ်စုံက သူ့ခြေလှမ်းအား ရပ်တန့်စေသည် ။ သူ့လည်ပင်းအား ရိုက်ခက်လာသည့် ကလေး၏ဝင်သက်ထွက်သက်လေးက မြန်ဆန်နေသည် ။ သူ့ဇက်ပိုးကို လာထိတွေ့နေသော နှုတ်ခမ်းတစ်စုံက တုန်ယင်နေမှန်း ခံစားမိသည် ။ ကလေးသည် သူနှင့်ပတ်သတ်လျှင် ခံစားလွယ်လွန်းသည် ။

"ကိုကို မသိသာအောင် နေပါ့မယ် ၊ ကိုကို အလုပ်သမားတစ်ယောက်လို ရိုရိုသေသေနေပါ့မယ် ၊ ကိုကိုစားဖိုမှူး သင်တန်းတက်ဖူးတယ် စားဖို့သောက်ဖို့ အဆင်ပြေအောင် လုပ်ပါ့မယ် ၊ Company အလုပ်တွေလည်း မလစ်ဟင်းစေရပါဘူး ၊ ကို...ကိုကိုလေ... ဦးရာအနားမှာ နေချင်တယ် ၊ ဦးရာအရိပ်မှာဆိုတဲ့ စိတ်နဲ့ အိပ်စက်ချင်တယ်"

ခန္ဓာကိုယ်အား လှည့်ကာ ကလေးကိုယ်လုံးလေးကို တင်းနေအောင် ဖက်ထားလိုက်သည် ။ သူစိုးရိမ်သည်က ကလေးပြောတဲ့အရာများ မဟုတ်ပါ ။ တစ်ခါတလေ သိမ်ငယ်တတ်သည့် ကလေးကြောင့် မလုပ်စေချင်တာပါ ။ သူ့အိမ်လိုက်နေလျှင် ကျော့နှင့် ဂျွန်လေးကို မြင်တွေ့နေရပြီး သိမ်ငယ်နေမှာ သူစိုးရိမ်ခြင်းသာ ။

လွတ်မြောက်ခြင်း/လွတ်မြောက်ခြင်း ( Completed )Where stories live. Discover now