"ရပါတယ် မားကိုခွင့်တောင်းလိုက်ပြီးသား ခွင့်ပြုတယ်တဲ့ မနက်ဖြန်ဆို ကျောင်းတက်ရတော့မှာမလို့ သွားခွင့်ပေးတာ"

"အေးအေး အဲ့ဆိုလည်း ပြီးတာဘဲ အခန်းထဲဝင် ခဏထိုင်စောင့်အုန်း အင်္ကျီလဲလိုက်အုန်းမယ်"

"အင်း"

ရိပေါ်လည်း hai kuanအင်္ကျီလဲတာကိုထိုင်စောင့်ပြီး ပြီးတာနဲ့ နှစ်ယောက်သား haikuanရဲ့ဦးလေးကားနှင့် အပြင်ထွက်ခဲ့လိုက်သည်။

_______

ရှောင်းကျန့် မနက်ဖြန်ကျောင်းတက်ရတော့မှာမလို့ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေမိသည်။
မကြာခင် အဆင်ပြေတော့မယ့်အခြေအနေရောက်တော့မှာမလို့ ပျော်လည်းပျော်မိသလို၊ ကျောင်းတက်ရမှာဖြစ်သည့်အတွက် အဆင်မပြေမှာလည်း စိုးရိမ်မိသည်။
ကျောင်းတက်ရတော့မှာမလို့ လိုအပ်တဲ့ပစ္စည်းများကို စျေးသက်သာတဲ့ဆိုင်တို့မှာ ဝယ်ဖို့အတွက် အပြင်ထွက်လာခဲ့သည်။

စျေးဆိုင်မှာလိုအပ်တဲ့ပစ္စည်းတွေဝယ်နေတုန်း ချက်ချင်းဆိုသလို ခုဏကကြည်လင်နေတဲ့ ကောင်းကင်ကြီးက အုံမှိုင်းလာပြီး မိုးသည်းထန်စွာ ရွာသွန်းတော့မလို ဖြစ်နေပေမယ့် ရွာသွန်းလိုက်တဲ့မိုးများကဖွဲဖွဲလေးတွေသာ။
အုံမှိုင်းနေတဲ့ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပြီး ရှောင်းကျန့်သက်ပြင်းအသာချလိုက်မိသည်။
ဒီအချိန် သူနေတဲ့တိုက်ခန်းသာပြန်ရင် သေချာပေါက်သရဲခြောက်ခံရတော့မှာ။

အရင်တခါတုန်းက ယခုလို နေ့လည်ခင်းမှာ မိုးအရမ်းသည်းနေတာကြောင့် သူအချိန်ပိုင်းအလုပ်လုပ်တဲ့ စားသောက်ဆိုင်ကပိတ်သည့်အတွက် တိုက်ခန်းကိုပြန်လာတဲ့အချိန် သူနေတဲ့တိုက်ရဲ့ သုံးထပ်မြောက်လည်းရောက်ရော အနောက်ကလိုက်လာတဲ့ခြေသံကြားပေမယ့် ဒီတိုက်မှာဘဲနေတဲ့လူဖြစ်မှာပါလေဆိုပြီး ဒီအတိုင်းလေးဘဲတွေးလိုက်သည်။
လှေကားထစ်အနည်းငယ်လောက်လည်းတက်ပြီးရော ဘေးနားကနေ အပေါ်ကိုတက်သွားတဲ့ခြေသံကြားလိုက်ပေမယ့် လူအရိပ်ယောင်မမြင်လိုက်ရ။
မှောင်လို့လားဆိုတော့လဲမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး ကောင်းကင်ကြီးသာအုံ့မှိုင်းနေပေမယ့် ကောင်းကင်ရဲ့မှုန်ပြပြအလင်းရောင်ကတော့ လူတစ်ယောက်ရဲ့ကိုယ်လုံးကိုယ်ထည်ကိုတော့ မြင်နိုင်တဲ့အနေအထားမှာရှိသည်။
လူအရိပ်ယောင်မမြင်လိုက်ဘဲ ခြေသံသာကြားလိုက်ရတာကြောင့် ရှောင်းကျန့်တစ်ကိုယ်လုံးကြက်သီးတွေထပြီး နောက်ထပ်ခြေလှမ်းတစ်လှမ်းတောင်ဆက်ပြီး မလှမ်းနိုင်ဖြစ်သွားရသည်။

SECRET ( Completed)Where stories live. Discover now