IULM(26)

1.2K 102 3
                                    

[Unicode]

မနက်ခင်းမကျ နေ့လည်မရောက်အချိန် လင်းရှိန် ၊ ဇဲ နဲ့ ချီချီတို့သုံးယောက်ရဲ့ Breakfastဝိုင်းထဲသို့ ယခုမှအိပ်ယာက ထလာပုံရတဲ့ ချမ်းသွေးစစ်တစ်ယောက် ဝင်ယောက်လာသောအခါ......

"ဟာ....ကိုသွေး..."

". ..."

ချီချီ ခေါ်လိုက်သော်လည်း ခေါင်းတစ်ချက်သာငြိမ့်ပြပြီး စားပွဲပေါ်ရှိ ရေကရားထဲကရေကိုသာ ငှဲ့သောက်လိုက်သော ချမ်း။

ထို့နောက် ဇဲ မေးလာသည်က...

"ကုိသွေးက ညတုန်းက ညဥ့်နက်မှပြန်ရောက်တာလား"

"အေး"

"တော်သေးတာပေါ့.....ဒီနေ့ FM Liveရှိလို့ မှီပါ့မလား စိတ်ပူနေတာ"

"အင်း"

လူလေးယောက်ရှိသော Breakfastဝိုင်းလေးသည် ခေတ္တခဏမျှ တိတ်ဆိတ်သွားလေ၏။

သို့သော် ဘယ်လောက်မှမကြာလိုက် ချမ်းသွေးစစ်ပင် အစချီကာ စကားဦးသန်းလာသည်က....

"ငါ.....မင်းတို့ကို ပြောစရာရှိတယ်"

". ...."

ဒီအချိန်မှာတော့ ကျန်သုံးယောက်သား ဘာသံမှ မထွက်အားပဲ ချမ်း ထံသို့သာ အကြည့်တွေ စုပုံပစ်လိုက်ကြ၏။

"ကောင်းနဲ့တွေ့ခဲ့တယ်"

". ...."

ဒီတစ်ခါ အံ့သြသွားသူက ချမ်းသွေးစစ်ပင်။ ဒီစကားကြားရင် ဒီကောင်တွေ အံ့အားသင့်ကြီးစွာနဲ့ သူ့ကို မေးခွန်းတွေမေးကြတော့မှာပဲလို့ တပ်အပ်တွက်ထားသော်လည်း အံ့သြမှုတစ်စုံတစ်ရာ မပြသော နှစ်ကောင်သား.... လင်းရှိန်ကတော့ ထားပါလေ....သူကနဂိုတည်းက ဒီတစ်ရုပ်ပဲရှိလို့....ဟိုနှစ်ကောင်ကတော့ ကော်ဖီတောင် ငုံ့သောက်နေလေရဲ့။

"မင်းတို့ ဘာမှမဖြစ်ကြဘူးလား??"

ချမ်းသွေး ထိုနှစ်ကောင်ကို တစ်လှည့်စီကြည့်ပြီးမေးလိုက်လေမှ....ဇဲတစ်ယောက် သူနဲ့မျက်နှာချင်းဆိုင် ထိုင်နေသော ချီချီအောက်က ခြေထောက်ကိုဆက်ကနဲကန်လိုက်လေ၏။

ထိုကန်ချက်ကြောင့် ချီချီ သူ့အားကြည့်လာလေတော့....ဇဲ မျက်ခုံးတွေ ပင့်ပြကာ....ချမ်းသွေးစစ်ဘက်ကို မျက်နှာပြန်မူပြီး အံ့အားသင့်နေသော အမူအယာဖြင့်......

ငါ့ကုိခ်စ္ရင္...{Completed}ငါ့ကိုချစ်ရင်...[Z+U]Nơi câu chuyện tồn tại. Hãy khám phá bây giờ