IULM(21)

2K 140 15
                                    


UNICODE

"Cheer!!!!!"

ဒီနေ့ပြီး ဒီနေ့ညပင် ပွဲခံနေကြသော A-Bomb memberတွေပင်။Entertainment က တခြားstaffတွေလည်း ပါတာကြောင့် Restaurantတစ်ခုမှာပဲ ပွဲစည်ဖြစ်သည်။

"ကိုကောင်း အကုန်သောက်လေ ...မနှမြောပါနဲ့ အများကြီး ကျန်သေးတယ် အများကြီး..."

တခြားလူတွေ ဘီယာတစ်ခွက်ကို တစ်ဝက်ကျိုးတဲ့လူကကျိုး ခွက်ပြည့်သောက်တဲ့လူက သောက်နဲ့ ဖြစ်နေပေမယ့် တစ်ငုံသာငုံလိုက်သော ကောင်းကို မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ချီချီက အားမလိုအားမရ ပြောလိုက်ခြင်းဖြစ်၏။

"ကိုယ့်ဘာသာကို စားပိုးနင့်အောင်သောက်"

ကောင်းက ဝင်ပြောဟန် ပြင်ပေမယ့် တကယ်တမ်း ပြောလိုက်သူက ကောင်းနားမှာထိုင်နေတဲ့ ချမ်းပင်။

ချီချီ နှာခေါင်းရှုံ့ပြကာ အမြည်းသာ စားနေသော်လည်း တခြားသူတွေရှိတာကြောင့် ကောင်းခမျာ ‌ချမ်းကို တံတောင်ဖြင့် အသာတွတ်ကာ သတိပေးနေရ၏။

ချမ်း အရက်မပြောနဲ့ ဘီယာတောင် ကောင်းကောင်းမသောက်နိုင်တဲ့ ကောင်းအကြောင်း သိ၏။ ဘီယာတစ်ခွက်ထက် ပိုပြီး မသောက်နိုင်။ ပြန်အန်ထွက်၏။

ဆေးလိပ်ကတော့ ကောင်း သောက်၏။ သို့ပေမယ့် စိတ်ညစ်စရာကိစ္စတွေရှိမှပင်။ ဒါတောင် ချမ်းနဲ့ ဟိုးအရင် ရှိခဲ့စဉ်က အတူသောက်ဖူးတာပင်။ အခုတော့ သောက်တာမတွေ့။ချမ်းလည်း ဖြတ်ထားရသည်။ ကိုယ်က အနုပညာသမားဆိုတော့ မျက်နှာ ၊အရေပြားကို အထူးဂရုပြုရသည်လေ။

"ချမ်း..."

"ဟင်"

အသံသေးသေးလေးဖြင့် ခေါ်လာတဲ့ ကောင်းကို ချမ်းပြန်ထူးကာ လှည့်ကြည့်လိုက်တော့ ဟိုက်...မျက်နှာတွေ နားရွက်တွေ နီရဲနေပါ့လား။

မသက်ာလို့ ဘေးကဘီယာခွက်ကိုလည်း ကြည့်ရော ဖင်ကပ်သာကျန်တော့တဲ့ ဘီယာတွေသာတွေ့လိုက်ရ၏။ဘယ်လိုတောင် သောက်လိုက်ပါလိမ့်။

ဒါကြောင့် အသံက နည်းနည်း‌ေလး လေး လာတာ....
ပြောပါတယ် ကိုယ့်ကောင်လေးက လူရိုးလေးပါဆို..

ငါ့ကုိခ်စ္ရင္...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now