IULM(16)

2.2K 161 13
                                    

{Unicode}

"ကိုကောင်းနဲ့ ကိုသွေးတို့ ဘယ်ကပြန်လာကြတာလဲ............ နှစ်ယောက်သား ပျောက်သွားကြတာနော်...ဟဲ...ဟဲ..."

ကောင်းကျော်ထက်နဲ့ ချမ်း‌သွေးစစ်တို့ အိမ်ထဲ၀င်လာရာမှ အငယ်လေး ချီချီက ရှေးမူမပျက် အာလူးကြော်ဝါးကာ ရုပ်ရှင်ကြည့်နေရင်းမှ မေးလိုက်ခြင်းဖြစ်၏။

ကြည့်လိုက်တဲ့ ရုပ်ရှင်ဆိုတာလည်း သူ့အပြင်နှစ်ယောက်မရှိ ရုပ်ရှင်ရိုက်ပါလားဆိုတော့ ဟင့်အင်း ဟင့်အင်းဆိုပြီး ခေါင်းပြုတ်မတတ်ငြင်း၏။

ဘာလို့လဲမေးတော့ မင်းသားတွေ သူ့ကြောင့်တော့ ထမင်းမငတ်စေချင်လိုပါတဲ့ဗျာ...ကဲ ဘယ်လောက် ကြင်နာ သနားတတ်တဲ့  ချီချီလေးလဲပြိတ်သတ်ကြီး။

"မင်းမှာလဲနော် မျက်စိကလည်း မနားရ...လက်ကလည်း မနေရ...ဒီကြားထဲ ပါးစပ်ကပါ အငြိမ်မနေရဘူး...မင်းခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်ရတာ သက်သာမနေဘူး..."

"အစ်ကိုကြီးတို့ကလည်းဗျာ ဒီညီလေးကိုပဲ‌ပြောပြောနေတယ်...သူတို့အဆင်မပြေလာတိုင်း"

ချမ်းသွေးစစ်ရဲ့ စနောက်မှုကို ဆက်‌ဆက်ထိမခံ  တစ်ခွန်းမကျန်ပြန်ပြောသော ချီချီပါလေ...။

"ဒီမှာ ချီချီ....ငါနဲ့ကောင်းက အဆင်မပြေဘူးဆိုတာ မရှိဘူးကွ...မနူးမနပ်လေးရဲ့..."

"ဟ...ဟ...အဆင်မပြေဘူးဆိုတာ မရှိလို့ပဲနော်...ဝင်လာကတည်းက မျက်နှာကြီးက ဆူ...ပုတ်...နေတာပဲ"

"ဘယ်သူလဲ...ဘယ်သူက ဆူပုတ်တာလဲ?"

"ကိုသွေးလေ...ကိုသွေးပေါ့...ဘယ်သူရှိဦးမှာလဲ"

"ဘာ!!!ဒီ...."

"တော်ပါတော့ကွာ...ချမ်း...မင်းကလဲ ကလေးနဲ့ဖက်ပြီး ရန်ဖြစ်နေပြန်ပြီ…"

ကောင်းကျော်ထက် ဝင်တားမှသာ သူတစ်ခွန်း ငါတစ်ခွန်းနဲ့ ခွပ်နေကြတာကြီး ရပ်ဆဲသွားလေ၏။

ချီချီတစ်ယောက် ကောင်း တားလိုက်လေတော့ ချမ်းသွေးစစ်ကို လျှာထုတ်ပြီး မျက်လုံးပြူးပြကာ ပြောင်သွားလိုက်သေး၏။ ထို့နောက် သူ့ဘာသာသူ အာလူးကြော်စားရင်း TVပြန်ကြည့်နေသလောက် ချမ်းသွေးစစ်တစ်ယောက်ကတော့ စနောက်ခံရမှုကြောင့် တရှူးရှူး တရှဲရှဲဖြင့် ဒေါသလက်ကျန် ထွက်နေသေး၏။

ငါ့ကုိခ်စ္ရင္...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now