IULM(11)

2.8K 172 5
                                    

[Zawgyi]

Updateတာ ဒီတစ်ခါ လချီကြာခဲ့လို့ ရှိသမျှ ဘာသာစကားမျိုးစုံနဲ့ တောင်းပန်ပါတယ်🙏
အစက ပြန်ဖတ်မှ အဆင်ပြေမယ်လို့ ထင်တယ် ဟီးးး 😁
                🙏🙏🙏🙏🙏

"ကောင်း ရော???"

"..."

"ဟေ့ရောင်...ချီချီ! ကောင်း ဘယ်မှာလဲလို့?"

"ဗျာ...ဗျာ..."

ထက်ချီ သိသည်။ ချမ်းသွေးစစ် ကား ခြံထဲကို ဝင်လာကတည်းက သိသည်။ သိဆို ထိုအချိန်မှာ ကိုကောင်းလည်း "ချီချီ မင်းအခန်း ဒီနေ့ ခဏဋ္ဌား" ဟုဆိုကာ ကိုယ့်ဆီက အဖြေတောင်မစောင့်ဘဲ တချိုးတည်း လစ်ပြေးသွားသည်လေ... ။

အဲ့တော့ ဒီကချီချီလေးက အမှုပတ်မှာစိုးလို့ မကြားချင်ယောင်ဆောင်နေလိုက်လေသည်။

ဤကဲ့သို့ မသိချင်ယောင်ဆောင်ကာ ဂိမ်းဆော့နေပါသော်လည်း ပြောင်သလိုလိုနဲ့ လှပတင့်တယ်နေသော မဟာနဖူးလေးအား ဖတ်ခနဲမြည်အောင် ရိုက်ကာ မရမကမေးနေပါသော ကိုသွေးကြောင့် အခုမှ သိသလိုလို ဘာလိုလိုနဲ့ ဇာတ်ကွက်တစ်ခု ဝင်ရိုက်ပစ်လိုက်၏။

"ကောင်းရော??"

"ကောင်း???"

"ဟုတ်တယ် ကောင်းကျော်ထက် ဘယ်မှာလဲ?? ငါ့ကို တစ်ပတ်ရိုက်မယ် မကြံနဲ့ "

ထက်ချီရဲ့ မျက်မှောင်ကျုံ့ကာ စဉ်းစားခန်းဖွင့်နေပုံအား ချမ်းသွေးစစ် တရားခံစစ်သလို မျက်လုံးမှေးစဉ်းကြည့်ကာ မင်းလိမ်မယ်ဆိုတာ ငါသိနေတယ် ဆိုသော အထာဖြင့် ပြောလိုက်လေ၏။

"ကိုကောင်းက ကိုသွေးနဲ့ သွားတာ မဟုတ်ဘူးလား? ဘယ်လိုလုပ် ကျွန်တော့်က သိမှာလဲဗျ...ဟား...ဟား..."

"ချီချီ! ပြောင်တာ စတီးပဲကောင်းတယ် နော်! ဒီနေ့ အပြင်သွားတဲ့ နှစ်ယောက်က ငါနဲ့မင်းပဲရှိတာလေ...ငါ မနက် အိမ်ပေါ်ကဆင်းလာတော့ တီနုက မင်းနဲ့ထွက်သွားပြီတဲ့...ကဲ...ပြော...ဘယ်လို နှစ်ကျပ်ကွက်နင်းဦးမလဲ..."

"ဟီးးး ကိုကောင်းက သူ့အိမ်မှာဆင်းနေ..."

"ဘာကို သူ့အိမ်မှာ ဆင်းနေရမှာလဲ?!!! ငါသေချာအောင် သူ့အိမ်တောင် တက်ကြည့်ခဲ့သေးတယ် အပြင်က တံခါးသော့ခတ်ထားတယ်..."

ငါ့ကိုချစ်ရင်...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now