IULM(23)

1K 100 12
                                    

[Unicode]

"ဗျို့.....ဆရာလေး!!!"

"ကိုအောင်ကြီးရယ်...ဖြေးဖြေးလာပါဗျာ...ခလုတ်တိုက်လဲနေဦးမယ်!!!"

ကျောင်းထဲ ဝင်တော့မည့်ဆဲဆဲ အပေါက်ဝရောက်ချိန်၌ အနောက်က အော်​ခေါ်ရင်း အသည်းအသန် ပြေးလာသော တပည့်ဖြစ်သူ ဖိုးဝလုံး၏ ဖခင်ကြောင့် ကောင်း အော်ပြောကာသာ တားလိုက်ရ၏။

"ဆရာလေး!! ဆရာလေး!! ဟောဟဲ....ဟောဟဲ"

အနီးနားရောက်သည်အထိ အော်​ေပြာကာသာ ဟောဟဲဆိုက်နေသည့် တပည့်တစ်ယောက်ဖြစ်သူ ၏ဖခင်ကြောင့် ကောင်း ခပ်ဖွဖွလေး ပြုံးလိုက်ရင်း....

"ဘာကိစ္စများ ထူးလို့ ဒီလိုအသည်းသန်ပြေးလာရတာလဲဗျာ..."

"ဇီးသီး....ဇီးသီး..."

"ဘာလဲ? ဇီးသီးစားချင်လို့ ကျွန်တော့်ကို အပင်ပေါ် တတ်ခူးခိုင်းမလို့လား?"

"ဟုတ်!!! ဟာဗျာ....ဆရာလေးကလဲ...ပေါက်ပေါက်ရှာရှာ...ရွာအဝင်မှာ ဇီးသီးနဲ့ မြို့ကဧည့်သည်တွေနဲ့ အခြေအတင် ဖြစ်နေလို့ဗျ!!"

"ဗျာ?!!"

"ဟုတ်တယ် ဆရာလေးရ.....သိတဲ့အတိုင်းပဲ တစ်ရွာလုံးမှာ ဇီးသီးကို နိုင်တာဆိုလို့ ဆရာလေးပဲရှိတာ...အဒါကြောင့် လာတိုင်တာ"

"အဲ့ဒါဆိုလည်း သွားရအောင်ဗျာ.....လာ"

ကောင်း ဘာမှဆက်မမေးတော့ပေ။ လာ ဟုဆိုကာသာ အရှေ့က ခပ်သုတ်သုတ်ထွက်သွားလေ၏။

ဇီးသီးဆိုသော မိန်းကလေးသည် ရွာ၏သူကြီးဖြစ်သူ ဦးမန်းသီး၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ တခြားသူကြီးသမီးတွေ အစွမ်းကုန်အလှပြင်ကာ အိန္ဒြေရှိစွာ နေထိုင်ကြသော်လည်း ဇီးသီးကမူ ရှပ်အကျီ်နှင့် ကာတွန်းဘောင်းဘီကိုသာ အမြဲဝတ်ဆင်ပြီး ဗမာလွယ်အိတ်ကိုသိုင်းလွယ်ကာ ထိုလွယ်အိတ်ထဲ၌ အမြဲလိုလို လောက်လေးခွနှင့် လောက်စာလုံးပေါင်းများစွာတို့ ပါတတ်၏။

အသက် ၁၅ နှစ်သာ ရှိသေးသည်ဖြစ်သော ဇီးသီးသည် ဟိုးမွေးစကပင် မိတဆိုးလေးဖြစ်ခဲသည်မို့ ဖခင်၏ အလိုလိုက်ခြင်းကို အစွမ်းကုန်ခံရတာကြောင့် ကလေးစိတ်မကုန်သေးပေ။

ငါ့ကုိခ်စ္ရင္...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now